Xiaomi ကနေ ဒီနှစ်အတွက်ကုမ္ပဏီရဲ့ ပထမဆုံး Flagship ဖုန်းတွေဖြစ်တဲ့ Mi 10 Series မိတ်ဆက်မယ့်အချိန်ကို တရားဝင်ကြေညာလိုက်ပါပြီ။ အခုသတင်းကို ကုမ္ပဏီရဲ့ Official Weibo စာမျက်နှာမှာ ဖော်ပြခဲ့တာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားတော့မှာပဲဖြစ်ပါတယ်။

ဒါပေမယ့် အစောပိုင်းတုန်း သတင်းတွေထွက်ရှိခဲ့သလိုမျိုးပဲ Mi 10 Series ကို Beijing မှာ Offline Launch Event ပြုလုပ်မှာမဟုတ်တော့ဘဲ Online Only ပဲကျင်းပသွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Xiaomi Website နဲ့ တချို့သော Channel တွေကနေပဲ ကြည့်ရှုနိုင်မှာပါ။

ဘာပဲဖြစ်ဖြစ် Mi 10 Series စမတ်ဖုန်းတွေဟာ Samsung Galaxy S20 Series ဖုန်းတွေထက် ၂ ရက်လောက်နောက်ကျပြီး မိတ်ဆက်မှာဖြစ်ပေမယ့် စျေးနှုန်းအရတော့ ပိုပြီးသက်သာလာနိုင်ခြေများနေပါတယ်။

Xiaomi ကနေ လာမယ့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကြရင်တော့ MWC 2020 Event မှာ Mi 10 Series ဖုန်းတွေကို Official Launch ပြုလုပ်သွားဦးမှာဖြစ်ပြီး အဲ့ဒီအချိန်ကြရင်တော့ China Local စျေးနှုန်းအပြင် Global မှာ ရောင်းချသွားမယ့်စျေးနှုန်းကိုပါ ကြေညာမယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် Mi 10 Series စမတ်ဖုန်းတွေဟာ Qualcomm Snapdragon 865 Processor ၊ LPDDR5 RAM နဲ့ 108MP Quad Camera Setup တွေပါဝင်လာမယ့်အပြင် 66W Fast Charging လိုမျိုး နည်းပညာတွေကိုပါ ထည့်သွင်းလာမယ်လို့ သိရတဲ့အတွက် Flagship ဖုန်းတစ်လုံးအနေနဲ့တော့ အောင်မြင်လာဦးမှာပါ။

Ref – Gizmo China