Xiaomi Mix Fold 2 ဟာ မျှော်လင့်ထားတာထက်စောပြီးတော့ ဈေးကွက်ထဲကို ရောက်လာဖွယ်ရှိပါတယ်။ Xiaomi Mix Fold 2 ကို သြဂုတ်လ ၁၁ ရက်နေ့ (Samsung foldable ပြီးနောက်တစ်နေ့) မှာ ပွဲထုတ်သွားမယ်လို့ နာမည်ကျော် Leakster Ice Universe က ပြောလိုက်ပါတယ်။

ပုံမှန်အားဖြင့် Xiaomi ဟာ သူ့ရဲ့ မိတ်ဆက်ပွဲတွေအကြောင်းကို ကြိုပြီးအစဖော်လေ့ရှိတာကြောင့် ဒီတစ်ခေါက် မိတ်ဆက်ပွဲသတင်းက အံ့အားသင့်စရာပဲ ဖြစ်ပါတယ်။ ဒီရက်စွဲဟာ တိုက်ဆိုင်မှုလည်း မဟုတ်ပါဘူး။ Xiaomi CEO Lei Jun က သူ့ရဲ့ တတိယမြောက် နှစ်ပတ်လည်ဟောပြောပွဲကို ၁၁ ရက်နေ့မှာ စတင်မှာလည်း ဖြစ်ပါတယ်။

“မတူကွဲပြားတဲ့အကြောင်းအရာတွေကို ပြောပြချင်ပါတယ်။ လူတိုင်းဟာ ကြီးပြင်းလာချိန်မှာ ဆုတ်ယုတ်မှုတွေ၊ ကျရှုံးမှုတွေကို ကြုံတွေ့ရသလို၊ ဘဝကို ဘယ်လိုရုန်းထွက်ခဲ့ရသလဲ၊ ဘယ်လိုဘဝအသိဉာဏ်တွေရလာသလဲ” ဆိုပြီးတော့ CEO က ရေးသားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် Ice Universe နဲ့ Digital Chat Station အပါအဝင် ပေါက်ကြားသတင်း အကျော်အမော်အများအပြားက Mix Fold 2 ကနေထွက်လာတယ်လို့ ယူဆရတဲ့ Xiaomi Mobile Product Manager ရဲ့ Screenshot ကို မျှဝေနေကြပါပြီ။

ပုံအရ ဖုန်းရဲ့ ကာဗာမျက်နှာပြင်အတွက် ကောလာဟလထွက်နေတဲ့ 1,080 x 2,520px resolution နဲ့ 21:9 aspect ratio ကို အတည်ပြုနိုင်ခဲ့ပါတယ်။ နှိုင်းယှဉ်ချက်အရ မူရင်း Mi Mix Fold မှာ 27:9 aspect ratio ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါမျက်နှာပြင်ဟာ 90Hz refresh rate ပါဝင်ပြီး Foldable အသစ်ရဲ့ မျက်နှာပြင်ဟာ 120Hz အထိသွားလိမ့်မယ်လို့ (ကောလာဟလ) သိရပါတယ်။

Internal Display ဟာ 10.3:9 aspect ratio ဖြစ်ပြီး Snapdragon 8+ Gen 1 နဲ့အတူ 12GB of RAM, 512GB ဒါမှမဟုတ် 1TB သိုလှောင်မှုပါဝင်မယ်လို့ သိရပါတယ်။ 56W အမြန်အားသွင်းစနစ်ကတော့ အရင်အတိုင်းပဲ ထောက်ပံ့ပေးမှာပါ။

Ref: GSM Arena