Xiaomi ဟာ အခုနှစ်မှာ Mid Range ဖုန်းတွေကို အများအပြားမိတ်ဆက်ထားပြီးဖြစ်ပေမယ့် Flagship ဖုန်းအနေနဲ့ကတော့ Mi 10 Series နဲ့ Redmi K30 Pro လိုမျိုးဖုန်းတွေကိုပဲ ထုတ်လုပ်ထားပါသေးတယ်။ ဒါကလည်း Qualcomm ရဲ့ Flagship Snapdragon 865 Chipset ဟာ တခြားသော Chipset တွေထက် စျေးပိုများနေတာကြောင့်လို့ သိရပါတယ်။

အခုလိုမျိုး Qualcomm ကနေ Snapdragon 865 Chipset တွေကို ယခင်ကထက်ပိုများတဲ့စျေးနှုန်းနဲ့ ရောင်းချတဲ့အတွက် LG ကနေ Velvet ဖုန်းကို Snapdragon 765G ကို ဆင်းပြီးအသုံးပြုထားသလို လာမယ့် Google Pixel 5 ဖုန်းကလည်း Snapdragon 865 ကိုအသုံးပြုမှာမဟုတ်ဘဲ Snapdragon 765G သို့မဟုတ် Snapdragon 768G ကိုပြောင်းလဲအသုံးပြုမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပါတယ်။

အခုလည်း Qualcomm ဟာ နောက်နှစ်အတွက် Snapdragon 875 Chipset တွေကို လက်ရှိ Snapdragon 865 ထက်တောင် ပိုပြီးများပြားတဲ့စျေးနှုန်းနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။ အဆိုပါသတင်းကိုတော့ Xiaomi ကနေ ထွက်ပေါ်လာတဲ့ Document တစ်ခုကနေသိရှိရတာဖြစ်ပြီးတော့ Snapdragon 875 နဲ့ Snapdragon X60 5G Modem ပါဝင်တဲ့ Chipset တစ်ခုကို ဒေါ်လာ ၂၅၀ ဝန်းကျင်ကျသင့်မယ်လို့ သိရပါတယ်။

လောလောဆယ်မှာ Qualcomm Snapdragon 865 Chipset ဟာ စမတ်ဖုန်းထုတ်လုပ်သူတွေကို ဒေါ်လာ ၁၅၀ နဲ့ ၁၆၀ ကြားရောင်းချနေတဲ့အတွက် Snapdragon 875 Chipset ဟာ ဒေါ်လာ ၁၀၀ နီးပါးပိုများပြားသွားတာဖြစ်ပါတယ်။ ဒါက စမတ်ဖုန်းထုတ်လုပ်သူတွေအတွက် နောက်နှစ်မှာ Snapdragon 875 Chipset နဲ့ဖုန်းတွေကို ယခုထက်ပိုများတဲ့ စျေးနှုန်းနဲ့ ရောင်းချရတော့မှာပါ။

အဆိုပါ သတင်းဟာ Xiaomi အတွက်တော့ သတင်းဆိုးတစ်ခုလို့ပြောရပြီးတော့ အခုနှစ်မှာတောင် Mi 10 Pro လိုမျိုးဖုန်းတွေက Flagship ဖုန်းတစ်လုံးနီးပါး စျေးဖြစ်နေတဲ့အတွက် Mi 11 Pro ကြရင်တော့ တခြား Brand တွေရဲ့ Flagship စျေးနှုန်းနဲ့တန်းတူရောင်းချရဖွယ်ရှိနေပါတယ်။

Ref – Gizmo China