Xiaomi ဟာ ပထမဆုံး လျှပ်စစ်ကားအတွက် Electric နဲ့ Extended-range Version တွေ ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်လာပါတယ်။ ဘေဂျင်း အခြေစိုက် Pandaily မီဒီယာကနေ ဒီသတင်းထွက်လာတာ ဖြစ်ပြီး Xiaomi ရဲ့ ကားအတွက် Battery-electric နဲ့ Extended-range Version ၂ ခု စလုံးထုတ်လုပ်ထားမှာပါ။

Xiaomi ဟာ Extended-range လျှပ်စစ်ကား (EREV) Range Extenders ကို တည်ဆောက်ဖို့ တရုတ်မှာ အင်ဂျင်နီယာတွေကို အလုပ်ခေါ်နေတယ်ဆိုတဲ့ သတင်းထွက်လာပြီးနောက် အခု သတင်း ထွက်လာတာပါ။ စွမ်းရည်နိမ့် မော်ဒယ်မှာ 400V Voltage Platform နဲ့ BYD Blade Battery ထည့်သွင်းထားမှာပါ။ စွမ်းရည်မြင့် မော်ဒယ်မှာ 800V Voltage Platform နဲ့ 101kWh Battery ပါတဲ့ CATL Qilin Battery ပါလာမှာပါ။

Extended-range Version မှာ 1.5L သို့မဟုတ် 1.5T Range Extender နဲ့ အရွယ်ကြီး Battery တပ်ဆင်ထားနိုင်ပါတယ်။ EV Range Extender ဟာ ကားရဲ့ Battery ကို အားသွင်းပေးတဲ့ Electric Generator ကို မောင်းနှင်ခြင်းဖြင့် Battery Electric ရဲ့ အကွာအဝေးကို တိုးမြှင့်ပေးတဲ့ လောင်စာဆီ အင်ဂျင် ဖြစ်ပါတယ်။ ဒါဟာ Xiaomi အတွက် ကောင်းမွန်တဲ့ ရွေးချယ်မှု ဖြစ်ပြီး Customer များစွာကို စွဲဆောင်နိုင်မှာပါ။

Xiaomi's First Car In 2024

အဲဒီကားကို မကြာခင်က Bluetooth SIG Certification မှာ တွေ့ခဲ့ရပြီး Qualcomm Snapdragon 8295 Chipset, Bluetooth 5.2 , USB Media Function နဲ့ Apple CarPlay Support ပါလာမှာပါ။

Xiaomi ရဲ့ ကားကို ၂၀၂၄ ခုနှစ်မှာ အမြောက်အများ စတင် ထုတ်လုပ်နိုင်ပါတယ်။ လက်ရှိမှာ စမ်းသပ်ထုတ်လုပ်နေပြီ ဖြစ်ပြီး ၁ ပတ်ကို အစီးရေ ၅၀ ထုတ်လုပ်နေတယ်လို့ သတင်းထွက်နေပါတယ်။

Ref : gizmochina