[Unicode]
Xiaomi က ကလေးတွေအတွက် ဖန်တီးထားတဲ့ Mitu Children Learning Watch 4 Pro ကို မကြာခင်က မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ JD.com ကနေ ၁,၂၉၉ ယွမ်နဲ့ ရောင်းပေးလိုက်ပြီဖြစ်ပြီး မြန်မာငွေ ၂၇၀,၀၀၀ လောက်ရှိပါတယ်။ စမတ်နာရီမှာ 4G , NFC နဲ့ GPS တွေ ပါပါတယ်။ ၁.၇၈ လက်မ မျက်နှာပြင် ထည့်သွင်းထားပြီး 2.5D Curved Gorilla Glass 3 နဲ့ ကာကွယ်ထားပါတယ်။
Snapdragon Wear 2500 SoC မောင်းနှင်ထားပြီး 1GB RAM / 8GB Storage တွေ ပါပါတယ်။ ဒိတ်အောက်နေတဲ့ Android 8.1 OS ထည့်သွင်းထားပေမယ့် ကလေးတွေ သုံးရလွယ်ကူအောင် Software ကို ဖန်တီးပေးထားပါတယ်။ HD ကင်မရာ ၂ လုံး ထည့်သွင်းထားပြီး 5MP မြင်ကွင်းကျယ်ကင်မရာကို ထိပ်ဖက်မှာ တပ်ဆင်ထားပါတယ်။ 8MP Zoom ကင်မရာကို ဘေးဘက်မှာ တပ်ဆင်ထားပါတယ်။ Video Call လုပ်တဲ့အခါမှာ မိဘတွေက ကလေးရဲ့ ပတ်ဝန်းကျင်ကို မြင်ရအောင် ဒီဇိုင်းထုတ်ထားတာပါ။
NFC ပါတဲ့အတွက် တရုတ်က ဈေးဝယ်စင်တာ ၄ ထောင်ကျော်၊ ဘူတာရုံနဲ့ လေဆိပ်တွေမှာ ငွေပေးချေတာတွေ ပြုလုပ်နိုင်ပါတယ်။ XiaoAI Voice Assistant နဲ့ AI Learning Machine စတဲ့ ဥာဏ်ရည်တု လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။ Learning Machine ကနေ ကလေးတွေဟာ ဘာသာစကားတွေ သင်ကြားနိုင်သလို ပျော်ရွှင်စရာတွေကို ခံစားနိုင်မှာြဖစ်ပါတယ်။ English အသံထွက်ကို လေ့ကျင့်နိုင်တဲ့ လုပ်ဆောင်ချက် ပါလာပါတယ်။ အပြာနဲ့ ပန်းရောင်တွေ ထုတ်လုပ်ပေးထားပြီး ကလေးတွေ နှစ်သက်မယ့် ဒီဇိုင်း ဖြစ်ပါတယ်။
Ref : gizmochina
[Zawgyi]
Xiaomi’s Mitu (Mi Bunny) Children Learning Watch 4Pro ကို တရုတ်မှာ ရောင်းပြီ
Ref : gizmochina