Xiaomi က MWC မှာ အထူးထုတ် Xiaomi 15 နဲ့ ဖုန်းမှာ တပ်ဆင်နိုင်တဲ့ ထူးခြားဆန်းသစ်တဲ့ Modular ကင်မရာ စနစ်ကို ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းမှာ အလွယ်တကူ ဖြုတ်တပ်နိုင်တဲ့ 35mm Lens ဖြစ်ပါတယ်။ စမတ်ဖုန်းမှာ DSLR လို ရိုက်ကူးနိုင်မှာပါ။

Xiaomi modular optical lens

Xiaomi 15 မှာ သံလိုက်နဲ့ ကင်မရာကို တပ်ဆင်နိုင်မှာ ဖြစ်ပြီး အရည်အသွေးမြင့် ဓါတ်ပုံတွေကို ရိုက်ကူးပေးနိုင်ပါတယ်။ အဲဒီ စနစ်မှာ Xiaomi ရဲ့ LaserLink နည်းပညာကို အသုံးပြုထားပြီး ဒေတာ ပေးပို့တဲ့အခါလျှင်မြန်ပါတယ်။ အရည်အသွေးမြင့် ဓါတ်ပုံတွေ ရိုက်ကူးတဲ့အခါ Lag နည်းပါးပါတယ်။

Xiaomi modular optical lens

အဲဒီ စနစ်မှာ 100MP Micro Four Thirds (M4/3) Sensor ကို သုံးထားပြီး သာမာန် စမတ်ဖုန်း ဆန်ဆာထက် သိသိသာသာ ပိုကြီးပါတယ်။ မြင့်မားတဲ့ ဓါတ်ပုံ အရည်အသွေးနဲ့ ကောင်းမွန်တဲ့ Dynamic Range ကို ပံ့ပိုးပေးပါတယ်။ ကြီးမားတဲ့ Aperture ပါတဲ့ 35mm All-aspherical Glass Lens တပ်ဆင်ထားပြီး Low-light Performance ကောင်းမွန်ကာ Depth of Field Control တိကျပါတယ်။

Modular Lens ကို သံလိုက်နဲ့ ဖုန်း အနောက်ဘက်မှာ တပ်ဆင်နိုင်ပါတယ်။ တပ်ဆင်ပြီးတာနဲ့ Xiaomi Camera App ထဲမှာ Standard နဲ့ Modular ကင်မရာ Mode ကို ပြောင်းလဲနိုင်ပါတယ်။ အဲဒီစနစ်မှာ RAW Image ကို ဖမ်းယူနိုင်တဲ့အတွက် ပရော်ဖက်ရှင်နယ် ဓါတ်ပုံသမားတွေအတွက် အသုံးဝင်ပါတယ်။

Ref : Gizmochina