Xiaomi ရဲ့ တက်ဘလက်အသစ်တွေ ဖြစ်တဲ့ Pad 7 Series ရဲ့ သတင်းတွေထွက်ပေါ်လာပြီး မကြာခင် ကြေညာနိုင်ပါတယ်။ အဲဒီ Series အသစ်မှာ မော်ဒယ် ၂ မျိုးပါလာနိုင်ပြီး Pad 7 နဲ့ စွမ်းရည်ပိုမြင့်တဲ့ Pad 7 Pro တို့ ဖြစ်ပါတယ်။

Xiaomi ရဲ့ တက်ဘလက် ၁ လုံးကို တရုတ်က 3C မှာ မှတ်ပုံတင်ထားပြီး မော်ဒယ်နံပါတ်က 24018RPACC ဖြစ်ပါတယ်။ အဲဒီမှာ 120W Fast Charging ပါလာမယ်လို့ ဖော်ပြထားပြီး အဲဒီ တက်ဘလက်ဟာ Xiaomi Pad 7 Pro ဖြစ်နိုင်ပါတယ်။

Xiaomi Pad 7 Pro မှာ 10” LCD 1480x2367p မျက်နှာပြင် ပါလာနိုင်ပြီး 144Hz Refresh Rate ထောက်ပံ့ထားနိုင်ပါတယ်။ စွမ်းရည်မြင့် Snapdragon 8 Gen 2 Chipset မောင်းနှင်ထားနိုင်ပြီး 12GB RAM နဲ့ 512GB Storage အထိ ထည့်သွင်းထားနိုင်ပါတယ်။

Android 14 အခြေပြု HyperOS ပါလာနိုင်ပါတယ်။ အနောက်ကင်မရာတွေက 50MP Dual ကင်မရာ ဖြစ်နိုင်ပါတယ်။ စပီကာ ၄ လုံး တပ်ဆင်ထားနိုင်ပြီး 10,000mAh Battery ပါလာနိုင်ပါတယ်။

Xiaomi ဟာ ဧပြီလမှာ Xiaomi Pad 7 နဲ့ Pad 7 Pro ကို ကြေညာနိုင်ပြီး အဲဒီပွဲမှာ Xiaomi 14 Ultra စမတ်ဖုန်းကိုပါ မိတ်ဆက်နိုင်ပါတယ်။

Ref : gizmochina