Xiaomi က SU7 Series လျှပ်စစ်ကားကို ကြေညာထားပြီး အခုတော့ စွမ်းရည်မြင့် SU7 Ultra ကို မိတ်ဆက်လိုက်ပါတယ်။ SU7 Ultra ဟာ စွမ်းရည်မြင့် လျှပ်စစ်ကား ဖြစ်ပါတယ်။

Xiaomi SU7 Ultra prototype unveiling, amazing speed - XiaomiTime

SU7 Ultra မှာ စွမ်းရည်မြင့် Specs တွေ ထည့်သွင်းထားပါတယ်။ Xiaomi V8s လျှပ်စစ် မော်တာတွေက 1548 Horsepower ကို ထုတ်လုပ်ပေးနိုင်ပြီး ၁.၉၇ စက္ကန့်အတွင်း ၁ နာရီကို ၀ ကနေ ၁၀၀ ကီလိုမီတာအထိ အရှိန်မြှင့်တင်နိုင်ပါတယ်။

Xiaomi SU7 Ultra Prototype Revealed To Tear Up The Nürburgring | Auto News  - News9live

ကမ္ဘာ့ ပထမဆုံး CATL Kirin II Battery ထည့်သွင်းထားပြီး အလွန် အားသွင်း မြန်သလို စွမ်းအင် ထုတ်လုပ်မှု မြင့်မားပါတယ်။ ဘရိတ် စနစ် ကောင်းမွန်ပြီး ၂၅ မီတာအတွင်း ၁ နာရီကို ၁၀၀ ကီလိုမီတာ အမြန်နှုန်းကနေ ရပ်တန့်ပေးနိုင်ပါတယ်။

Xiaomi က အလေးချိန် နည်းပါးအောင် ကား တစ်ခုလုံးမှာ ကာဘွန်ဖိုက်ဘာ ဒြပ်ထုတွေ အသုံးပြုထားပါတယ်။ ကားရဲ့ စုစုပေါင်း အလေးချိန်ဟာ ၁၉၀၀ ကီလိုဂရမ်ပဲ ရှိပါတယ်။ Xiaomi က SU7 Ultra ကို တရုတ်မှာ အရင်ဆုံး ရောင်းချမှာ ဖြစ်ပြီး ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gizmochina