Xiaomi ဟာ Ultra မိသားစုမှာ နောက်ထပ် Flagship စမတ်ဖုန်းသစ်ကို ဖန်တီးနေပါတယ်။ ဒါကိုလည်း Xiaomi ရဲ့ တွဲဖက်တည်ထောင်သူနဲ့ CEO ဖြစ်တဲ့ Lei Jun က ပြောခဲ့တာဆိုပြီး ကွန်ရက်ရင်းမြစ်တွေက ဖော်ပြလာတာ ဖြစ်ပါတယ်။ Xiaomi ရဲ့ Flagship သစ်ကတော့ Xiaomi 13 Ultra ပဲ ဖြစ်ပါတယ်။
ဒီနှစ်ထဲမှာ စွမ်းအားပြည့်တဲ့ Xiaomi 12S Ultra ကို ပွဲထုတ်ခဲ့ပြီးဖြစ်ပါတယ်။ ဒီ Device ဟာ 6.73-inch E5 Super AMOLED, 3,200 x 1,440 pixel, 120Hz refresh rate မျက်နှာပြင်နဲ့ဖြစ်ပြီး အတွင်းပိုင်းမှာတော့ Eight-core Qualcomm Snapdragon 8+ Gen 1 processor ကို တပ်ဆင်ပေးထားပါတယ်။
ကျောဘက်မှာ 1-inch Sony IMX989 sensor နဲ့ 50 megapixels ကင်မရာအပါအဝင် ကင်မရာသုံးလုံးကို တပ်ဆင်ပေးထားပါတယ်။ ကျန် Sensor နှစ်ခုကလည်း 48 megapixels တွေပါ။ 4860mAh ဘက်ထရီနဲ့ 67W ကြိုးတပ်အားသွင်းစနစ်၊ 50W ကြိုးမဲ့အားသွင်းစနစ်ကိုလည်း ထောက်ပံ့ပေးထားပါတယ်။
Xiaomi ရဲ့ Flagship စမတ်ဖုန်းသစ်ကတော့ 13 Ultra နာမည်နဲ့ ထွက်လာမယ်လို့ ယုံကြည်ရပြီး ဒီဖုန်းကို နိုင်ငံတကာဈေးကွက်မှာ ရောင်းချမယ်လို့လည်း Lei Jun က ပြောပါတယ်။ အခုအချိန်အထိတော့ Xiaomi 13 Ultra ရဲ့ အချက်အလက်တွေကို မသိရသေးပါဘူး။ ဒါပေမဲ့ 13 Ultra မှာ Snapdragon 8 Gen 2 processor ကို အသုံးပြုလာမယ်လို့ ခန့်မှန်းရပါတယ်။
ဒီ Chip ဟာ 1+2+2+3 configuration four-cluster architecture နဲ့ ဖြစ်ပါလိမ့်မယ်။ ကောလာဟလတွေအရ Cortex X3 core (Makalu-Elp), two Cortex A720 cores (Makalu), two Cortex A710 cores (Matterhorn) နဲ့ three cores Cortex A510 (Klein-R1) တို့ကို ပေါင်းစပ်ထားတာလို့ သိရပါတယ်။
ဒါ့အပြင် Xiaomi ဟာ 13 Ultra နဲ့အတူ ပုံမှန် Xiaomi 13 ကိုလည်း မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ Digital Chat Station ရဲ့ အတွင်းလူတစ်ဦးကတော့ အနာဂတ် Xiaomi 13 flagship ဟာ Flat screen နဲ့ ဖြစ်မယ်လို့ ဆိုထားပါတယ်။ ကုမ္ပဏီရဲ့ နောက်ဆုံး Flat screen နဲ့ Flagship ဟာ Xiaomi Mi 9 ဖြစ်ခဲ့ပါတယ်။
Ref: Gizchina