တရုတ်နိုင်ငံတွင်း လျှပ်စစ်ကားထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်တဲ့ XPeng ဟာ အမြဲတမ်း နိုင်ငံတွင်းမှာ နည်းပညာအသစ်တွေကို ချပြနေကြဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းထဲက Tesla Model 3 ထက် EV Range ပိုများတဲ့ မိုင် ၂၀၀ ကျော် တစ်ကြိမ်အားသွင်းရုံနဲ့မောင်းနှင်နိုင်တဲ့ P7 Seden ကားကို မိတ်ဆက်ခဲ့သလို အခုလည်း နောက်ထပ် နည်းပညာအသစ်ကို မိတ်ဆက်လိုက်ပါပြီ။

ဒါကတော့ XPeng ကနေ အသစ်မိတ်ဆက်လိုက်တဲ့ G9 SUV လျှပ်စစ်ကားမှာ ပါဝင်လာာတဲ့ Feature တစ်ခုပဲဖြစ်ပြီး Fast Charging နည်းပညာအသစ်တစ်ခုဖြစ်ပါတယ်။ Xpeng G9 ဟာဆိုရင် အမြင့်ဆုံး အားသွင်းနှုန်းကို 480kW အထိ ထောက်ပံ့ပေးထားပြီး 10% ကနေ 80% အထိ အားသွင်းဖို့ကို ၁၅ မိနစ်ပဲ အချိန်ပေးရမှာဖြစ်ပါတယ်။

တစ်နည်းအားဖြင့် Xpeng G9 လျှပ်စစ်ကားဟာ အကွာအဝေး ၁၂၄ မိုင်ကို မောင်းနှင်နိုင်ဖို့အတွက် အချိန် ၅ မိနစ်ပဲ အားသွင်းဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိတခြားသော လျှပ်စစ်ကားတွေရဲ့ အားသွင်းနှုန်းနဲ့ နှိုင်းယှဥ်မယ်ဆိုရင် အလွန်မြန်ဆန်နေမှာဖြစ်ပါတယ်။

တစ်ခုရှိတာကတော့ အခုလိုမျိုး 480kW နဲ့ အားသွင်းနိုင်ဖို့အတွက် ပုံမှန် Car Charger တွေမှာ အသုံးပြုနိုင်မှာမဟုတ်ဘဲ ကုမ္ပဏီကနေ သီးသန့်ထုတ်ပေးထားတဲ့ Charger တွေမှာပဲ အားသွင်းနိုင်မှာဖြစ်ပါတယ်။

Xpeng G9 SUV လျှပ်စစ်ကားဟာ Dual-motor 4WD အမျိုးအစားဖြစ်ပြီး မြင်းကောင်ရေ ၅၅၁ ရှိမှာဖြစ်ပါတယ်။ Feature တွေအနေနဲ့ Nvidia Orin Chip ၂ ခုပါဝင်မှာဖြစ်ပြီး Sensor ပေါင်း ၃၁ ခု၊ Dual-LiDAR Sensor တွေအပြင် Automatic Driving နဲ့ Parking Assistance တွေပါဝင်မယ်လို့ သိရပါတယ်။

Ref – Engadget