OPPO ဟာ မကြာခင်တုန်းက Reno5 ဖုန်း အသစ် ၃ လုံးကို တရုတ်နိုင်ငံမှာ ကြေညာခဲ့ပါတယ်။ အခုတော့ နောက်ထပ် ဖုန်း အသစ်  ၁ လုံးကို 3C မှာ မှတ်ပုံတင်လိုက်ပြီး OPPO Reno5 Lite 5G လို့ နာမည်ပေးထားနိုင်ပါတယ်။ အဲဒီ ဖုန်းမှာ 30W VOOC Charging ပါလာမယ်လို့ အဲဒီမှာ ဖော်ပြထားပါတယ်။

Oppo PELM00 on 3C

3C (China Compulsory Certification) မှာ အဲဒီ ဖုန်းရဲ့ မော်ဒယ်နံပါတ်ကို PELM00 လို့ ဖော်ပြထားပြီး တရားဝင် နာမည်ကိုတော့ အဲဒီမှာ မဖော်ပြထားသေးပါဘူး။ ဒါပေမယ့်  OPPO Reno5 Lite 5G လို့ နာမည်ပေးထားဖို့ သေချာသလောက်ရှိပြီး OPPO ဟာ Reno5 အတွက် ဈေးနှုန်း အမျိုးအစားများစွာကို ထုတ်လုပ်ရောင်းချဖို့ ကြိုးစားနေတာဖြစ်နိုင်ပါတယ်။  3C မှာ Adapter ကို VC56HACH လို့ ဖော်ပြထားတဲ့အတွက် အဲဒီ ဖုန်းမှာ VOOC 4.0 ပါလာမှာ ဖြစ်ပါတယ်။

OPPO Reno5 5G and Reno5 Pro 5G to be announced on December 10 with 64MP quad rear cameras, 65W fast charging, Android 11

OPPO Reno5 Lite 5G ရဲ့ တခြား Specifications တွေကို မသိရသေးပါဘူး။ 5G ဆက်သွယ်မှု ပါတဲ့ MediaTek ရဲ့ Dimensity Chipset မောင်းနှင်ထားနိုင်ပြီး ပင်မ ကင်မရာ ၊ Ultrawide Angle ကင်မရာ၊ Depth ကင်မရာနဲ့ Macro ကင်မရာ ၄ လုံး ထည့်သွင်းထားနိုင်ပါတယ်။ ဒီနေ့ခေတ် စွမ်းရည်သင့် စမတ်ဖုန်းတွေမှာ အဲဒီ Specs တွေကို စံနှုန်း ၁ ခုအနေနဲ့ တပ်ဆင်ထားကြပါတယ်။

Ref : gsmarena