Google က Password တွေကို အဆုံးသတ်စေမယ့် နည်းလမ်း အသစ် ၁ ခုကို ကြေညာလိုက်ပါတယ်။ ပထမဆုံးအကြိမ် အနေနဲ့ Google က Passkey ကို စတင် ဝန်ဆောင်မှုပေးလိုက်ပြီ ဖြစ်ပြီး Password မလိုဘဲ App နဲ့ ဝက်ဘ်ဆိုက်တွေကို အလုံခြုံဆုံး Sign In ဝင်နိုင်မှာ ဖြစ်ပါတယ်။

ဒါဟာ တော်တော်ကြီးမားတဲ့ အောင်မြင်မှုလို့ ပြောရမှာပါ။ Passkey ဟာ လက်ဗွေရာ၊ Face Scan နဲ့ Screen Lock PIN တို့နဲ့ သင့်ဖုန်းကို Unlock လုပ်တဲ့ နည်းလမ်းအတိုင်း App နဲ့ ဝက်ဘ်ဆိုက်တွေကို Sign In ဝင်နိုင်ပါတယ်။ အဲဒီအတွက် Passkey ဟာ Phishing လို အွန်လိုင်း တိုက်ခိုက်မှုတွေကို ခံနိုင်ရည်ရှိပြီး SMS One-time Codes လို အရာတွေထက် ပိုမို လုံခြုံပါတယ်။

How to Use Passkeys in Google Chrome and Android | WIRED

ဒါပေမယ့် သင်ဟာ Passkey ကို အသုံးပြုရင် သင့်ရဲ့ Screen Unlock PIN ဟာ အားနည်းချက် ဖြစ်လာမှာပါ။ သင်ဟာ Screen Unlock PIN ကို 1234 or 0000 တို့လိုမျိုးကို သုံးပြီး သင့်ဖုန်းကို တစ်စုံတစ်ယောက်က ခိုးသွားတယ်ဆိုရင် Passkey နဲ့ ကာကွယ်ထားတဲ့ သင့် အကောင့်အားလုံးကို သူတို့က ရရှိသွားမှာပါ။

ဒီနေ့ကစပြီး Google အကောင့် သုံးစွဲသူအားလုံးဟာ Passkey Sign-in ကို အသုံးပြုနိုင်ပါတယ်။ Docusign, Kayak, PayPal,, Shopify နဲ့ Yahoo Japan တို့ဟာ Passkey ကို အတိုင်းအတာ တစ်ခု အထိ ထောက်ပံ့ပေးထားပြီးပါပြီ။

သင့် Google အကောင့်အတွက် Passkey ကို အသုံးပြုချင်ရင် http://g.co/passkeys ကို သွားပါ။ သင့်ဖုန်းမှာ အားကောင်းတဲ့ Multi-digit PIN ကို သတ်မှတ်ထားသင့်ပါတယ်။ Google Workspace အကောင့်တွေအတွက် Administrators တွေဟာ Passkey ကို သုံးလို့ရတဲ့ Option ကို မကြာခင် ပြုလုပ်ပေးမှာပါ။

Ref : gsmarena