Windows Insider Program မှာ နောက်ဆုံးရလာတဲ့  စွမ်ရည်က သင့် Android ဖုန်းနဲ့ တက်ဘလက်ကို Webcam အဖြစ် အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ Insider Program မှာ ပါတဲ့ Windows 11 User တွေဟာ Video Conferencing Sessions မှာ Android 9.0 နဲ့အထက် ဖုန်း ၊ တက်ဘလက်တွေကို Webcam အဖြစ် အသုံးပြုနိုင်ပါပြီ။

အဲဒီလိုလုပ်ဖို့အတွက် သင့် မိုဘိုင်း Device မှာ Link to Windows App ကို အင်စတောလုပ်ထားရမှာ ဖြစ်ပြီး Microsoft က Version 1.24012 နဲ့အထက် လိုအပ်တယ်လို့ ပြောပါတယ်။

Here is Windows 11's New Android Phone Webcam Feature in Action | Beebom

သင်ဟာ Windows Insider Program မှာ ပါဝင်ထားရမှာ ဖြစ်ပြီး Settings> Bluetooth & Device> Mobile Devices ကို သွားပါ။ Manage Devices ကို နှိပ်ပြီး သင့် Android ဖုန်းကို အသုံးပြုဖို့ သင့် ပီစီကို ခွင့်ပြုပေးရမှာ ဖြစ်ပါတယ်။ Set Up လုပ်ပြီးတာနဲ့ သင့် Android ဖုန်းနဲ့ တက်ဘလက်မှာ အောင်မြင်စွာ ချိတ်ဆက်ပြီးပြီဆိုတဲ့ စာသားကို မြင်ရမှာပါ။

Is Windows 11 Production Ready? - Ed Tittel

Microsoft က User တွေဟာ အရှေ့နဲ့ အနောက်ကင်မရာကို ပြောင်းလဲနိုင်ပြီး Effect တွေ ထည့်နိုင်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ပီစီကနေ သင့် ကင်မရာ Roll မှ ဓါတ်ပုံတွေကို ရယူနိုင်ပါတယ်။ Microsoft က Insider လုပ်ဆောင်ချက်အသစ်တွေကို စတင် ဖြန့်ချိပေးနေပြီလို့ ပြောပါတယ်။

Ref : gsmarena