Microsoft ဟာ လက်ရှိအချိန်မှာ Windows PC ကို Android ဖုန်းတွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်ဖို့အတွက် Phone Link App ကို ထုတ်ပေးထားတာ နှစ်အနည်းငယ်ရှိနေပြီဖြစ်ပါတယ်။ နောက်ပိုင်းမှာ Microsoft ကနေ Android အပြင် iPhone တွေနဲ့ပါ Phone Link App ကို တွဲဖက်အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးသွားတော့မှာပါ။

အခုလောလောဆယ်မှာလည်း Microsoft ကနေ Phone Link Android App အတွက် Feature အသစ်တစ်ခုကို ထုတ်ပေးသွားတော့မယ်လို့ သိရပါတယ်။ ဒါကတော့ ကိုယ့်ဖုန်းက Audio ကို Windows 11 PC ဆီ Bluetooth Speaker တစ်လုံးလိုမျိုး Streaming ပြုလုပ်နိုင်တော့မှာပဲဖြစ်ပါတယ်။

အခုလိုမျိုး Audio Streaming Feature ဟာ Spotify Connect လိုမျိုး Feature နဲ့ ဆင်တူပေမယ့် သီချင်းတွေတင်မဟုတ်ဘဲ ဖုန်းထဲက Audio အကုန်လုံးကို Streaming ပြုလုပ်နိုင်ဖွယ်ရှိနေပါတယ်။ ဒါကြောင့် ဖုန်းရဲ့ Speaker က တိုးနေတာ၊ အသံထွက်မကောင်းတာတွေဖြစ်နေင် ကိုယ့် PC ကို Stream ပြုလုပ်ပြီး ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ တချို့သော အသုံးပြုသူတွေမှာ အဆိုပါ Audio Streaming Feature ကို စတင်တွေ့ရှိရနေပြီဖြစ်ပြီး အသုံးပြုနိုင်ခြင်းတော့မရှိသေးဘူးလို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Phone Link App ကို Samsung ဖုန်းတွေနဲ့ အတူအသုံးပြုမယ်ဆိုရင် Continuity Browser History Feature ကိုပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဆိုပါ Feature ဟာ ဖုန်းမှာ အသုံးပြုနေတဲ့ Browsing History တွေကို PC မှာအလွယ်မြင်တွေ့ရမှာဖြစ်တဲ့အတွက် Device ၂ ခုစလုံးမှာ တူညီတဲ့ Website တွေကို အလွယ်တကူ Browse ပြုလုပ်နိုင်မှာပါ။

Ref – GSM Arena