YouTube ဟာ Feature သစ်တစ်ခုကို ထပ်ပြီးစမ်းသပ်နေတာတွေ့ရပါတယ်။ ဒီတစ်ကြိမ်မှာတော့ Premium user တွေအတွက်ပဲ ဟုတ်ပုံမပေါ်ဘဲ ပလက်ဖောင်းတစ်ခုလုံးဆီ တဖြည်းဖြည်းချင်းပို့ဆောင်ပေးမဲ့ပုံစံလို့ ယုံကြည်ရပါတယ်။ YouTube ဟာ ပြီးခဲ့တဲ့လကုန်ပိုင်းကတည်းက Picture-in-picture အဖြစ်နဲ့ အသုံးတည့်တဲ့ Mini-player ကို ပို့ဆောင်ပေးခဲ့တာပါ။

အကယ်၍ Android ဒါမှမဟုတ် iOS နဲ့ YouTube မှာ တစ်စုံတစ်ခုကိုကြည့်ရှုနေရင်း ထွက်ခွာသွားရတယ်ဆိုရင် YouTube on the web မှာ ဗီဒီယိုကို Picture-in-picture ပုံစံနဲ့ မျက်နှာပြင်ရဲ့ညာဘက်ထောင့်အောက်ခြေမှာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။ Mini-player ဟာ Paused မလုပ်ခင်နေရာကို ရောက်ရှိနေပြီး ရပ်သွားတဲ့နေရာကနေ ဆက်ကြည့်နိုင်အောင် ပြသထားမှာပါ။

ဗီဒီယိုခေါင်းစဉ်ရဲ့အောက်ခြေမှာ “Continue Watching” ဆိုတဲ့စာတမ်းနဲ့ လုပ်ဆောင်ချက်အသစ်ရဲ့နာမည်ကို မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။ Play Button ကို နှိပ်လိုက်မယ်ဆိုရင် ချုုံထားတဲ့မြင်ကွင်းထဲကဗီဒီယိုဟာ မူလအကျယ်ချဲ့ကြည့်နေရင်းရပ်လိုက်တဲ့နေရာကနေ ဆက်ပြီးပြသနေမှာပါ။ ကနဦးတုန်းက ဒီလုပ်ဆောင်ချက်ကို Mobile တွေမှာ မတွေ့ရပါဘူး။

အခုလည်း “Continue Watching” feature ကို Mobile device တိုင်းမှာ မြင်တွေ့ရတာမဟုတ်ပါဘူး။ အလားတူပဲ Beta phase မှာလည်း မရှိတော့ပါဘူး။ ဒါကိုကြုံတွေ့လိုက်ရသူတွေအနေနဲ့ Screen Shot ရယူထားမယ်ဆိုရင်တော့ သက်သေပြစရာတစ်ခုအနေနဲ့ ကျန်ရစ်ခဲ့မှာ ဖြစ်ပါတယ်။ YouTube ဟာ ဒီလုပ်ဆောင်ချက်ကို ဘယ်အချိန်မှာ ဘယ်လိုပုံစံမျိုးနဲ့ ထုတ်လွှတ်ပေးမလဲဆိုတာကို ဆက်ပြီးစောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။

Ref: Phone Arena