အခုဆိုရင် စမတ်ဖုန်း ကင်မရာတွေဟာ အရည်အသွေးမြင့်မားလာတဲ့အတွက် ရုပ်ရှင်တွေကိုတောင် ရိုက်ကူးလာကြပါပြီ။ ဒါရိုက်တာ Danny Boyle ဟာ “ 28 Years Later” Zombie ရုပ်ရှင်ကို iPhone 15 Pro Max နဲ့ ရိုက်ကူးထားပြီး Apple iPhone ကို အသုံးပြုရိုက်ကူးထားတဲ့ နောက်ထပ် ရုပ်ရှင်ကား တစ်ကားဖြစ်လာမှာပါ။

28 Years Later' to Be First Blockbuster Movie Shot on iPhone - MacRumors

ဒါရိုက်တာက “28 Years Later “ ကို iPhone 15 Pro Max နဲ့ ရိုက်ကူးထားတဲ့အကြောင်းကို အဖွဲ့သားတွေကို မပြောဖို့ နှုတ်ပိတ်ထားပေမယ့် သတင်းတွေ ပေါက်ကြားထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အဲဒီသတင်းနဲ့ ရင်းနှီးတဲ့ သူတွေက ဒါရိုက်တာ Boyle နဲ့ cinematographer Anthony Dod Mantle တို့က iPhone 15 Pro Max ကိုအသုံးပြုပြီး ရိုက်ကူးထားတာလို့ ပြောကြပါတယ်။

Director Danny Boyle's new film '28 Years Later' reportedly shot on an iPhone  15 Pro Max

“28 Years Later” ဟာ ကမ္ဘာကြီးမှာ Zombie တွေ ပျံ့နှံ့သွားပြီး အသက်ရှင်သန်အောင်ကြိုးစားရတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်မှာ နာမည်ကြီး မင်းသား၊ မင်းသမီးတွေ ပါဝင် သရုပ်ဆောင်ထားကြပါတယ်။ iPhone 15 Pro Max နဲ့အတူ Lens နဲ့ Stabilizer တွေ အသုံးပြုကာ ရုပ်ရှင်ကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

“28 Years Later” ရုပ်ရှင်ကို ၂၀၂၅ ခုနှစ် နွေရာသီမှာ စတင် ပြသမှာ ဖြစ်ပါတယ်။

Ref : appleinsider