ZTE က ဇွန်လ ၁ ရက်နေ့မှာ Axon 11 SE ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင် ရက်ပိုင်းအလိုမှာပဲ တရုတ် စတိုး Tmall က အဲဒီ စမတ်ဖုန်းကို စာရင်းတင်လိုက်ပြီး အဓိက Specs တွေကို ဖော်ပြထားပါတယ်။ အဲဒီ ဖုန်းမှာ ၆.၅၃ လက်မ LCD FHD+ မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထာားမှာ ဖြစ်ပါတယ်။

ZTE Axon 11 SE မှာ Dimensity 800 Chipset မောင်းနှင်ထားတဲ့အတွက် Dual-mode 5G ဆက်သွယ်မှုကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 6GB or 8GB RAM နဲ့ 128 or 256GB Storage တွေ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 2MP Depth နဲ့ 2MP Macro ကင်မရာ ၄ လုံး ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

ZTE Axon 11 SE မှာ 4,000mAh ဘက်ထရီ ပါလာမှာ ဖြစ်ပြီး အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံကိရိယာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ဆော့ဖ်ဝဲ အပိုင်းမှာ Android 10 အခြေပြု ZTE MiFavor UI ထည့်သွင်းထားမှာ ဖြစ်ပြီး အနက်၊ အပြာနဲ့ အဖြူရောင် ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကို မဖော်ပြထားသေးပေမယ့် ယွမ် ၂,၀၀၀ လောက်နဲ့ ရောင်းမယ်လို့ သတင်းထွက်နေပြီး မြန်မာငွေ ၃ သိန်း ၉ သောင်းလောက်ပဲရှိပါတယ်။

Ref : gsmarena