ZTE က ဒီနှစ် အစောပိုင်းမှာ စွမ်းရည်မြင့် Axon 40 Ultra ကို ကြေညာပြီးနောက်မှာ Axon 40 Ultra Aerospace Edition ကို မိတ်ဆက်ဖို့ ပြင်ဆင်နေပါတယ်။ အခုတော့ အဲဒီဖုန်း ကြေညာမယ့် နေ့ကို အတည်ပြုလိုက်ပါတယ်။

ZTE Axon 40 Ultra Aerospace Edition Launch Date

ZTE Axon 40 Ultra Aerospace Edition ကို တရုတ်မှာ နိုဝင်ဘာလ ၂၉ ရက်နေ့ ကြေညာမှာ ဖြစ်ပြီး Specs အများစုက Axon 40 Ultra နဲ့ တူညီမှာပါ။ ဒါပေမယ့် RAM နဲ့ Internal Storage ကို တိုးမြှင့်ထားမှာ ဖြစ်ပြီး 18GB RAM နဲ့ 1TB Storage ပါလာမှာပါ။

ZTE Axon 40 Ultra Aerospace Edition Launch Date

ZTE Axon 40 Ultra မှာ ၆.၈၁ လက်မ AMOLED Full HD+ မျက်နှာပြင် ပါလာပြီး 2480x1116p Resolution ရှိပါတယ်။ 120Hz Refresh Rate ထည့်သွင်းထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။

ကင်မရာ အကြောင်းပြောရရင် မျက်နှာပြင်အောက်မှာ 16MP ကင်မရာ မြှပ်နှံထားပြီး ZTE ရဲ့ တတိယမျိုးဆက် မျက်နှာပြင်အောက် ကင်မရာကိုအသုံးပြုထားပါတယ်။ အနောက်ဘက်မှာ 64MP Sony IMX787 Main , 64MP Sony IMX787 နဲ့ 64MP Telephoto Periscope ကင်မရာတွေ တပ်ဆင်ထားပါတယ်။

Snapdragon 8 Gen 1 Chipset မောင်းနှင်ထားပြီး Dual-channel VC Liquid Cooling System ထည့်သွင်းထားပါတယ်။ Android 12 အခြေပြု MyOS 12 Custom Interface မောင်းနှင်ထားပြီး 80W Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါလာပါတယ်။

Ref : gizchina