ZTE ဟာ မျက်နှာပြင်အောက် ဆဲလ်ဖီး ကင်မရာပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်းအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့တဲ့ Axon 20 5G ကို စက်တင်ဘာလက ကြေညာခဲ့ပါတယ်။ အဲဒီ စမတ်ဖုန်းကို နိုင်ငံတကာမှာ ရောင်းချပေးထားပါတယ်။ အခုတော့ 5G မရသေးတဲ့ နိုင်ငံတွေအတွက် ZTE က Axon 20 ရဲ့ 4G Version ကို ကြေညာလိုက်ပါတယ်။ အဲဒီ Version မှာ Unisoc ရဲ့ Tiger T618 Chipset ထည့်သွင်းထားပြီး 4G ပဲ ထောက်ပံ့ထားပါတယ်။

ZTE Axon 20 4G ရဲ့ ဒီဇိုင်းဟာ 5G Version နဲ့ လုံးဝ တူညီပြီး ကမ္ဘာ့ ပထမဆုံး နည်းပညာ ဖြစ်တဲ့ မျက်နှာပြင်အောက်ကင်မရာ နည်းပညာကို ထည့်သွင်းထားပါတယ်။ ကင်မရာ Sensor တွေကလည်း အတူတူပါပဲ။

ZTE Axon 20 5G is the first phone to have an under-display camera

ကွာခြားသွားတာက Chipset ပဲ ဖြစ်ပါတယ်။ 5G Version မှာ Snapdragon 765G မောင်းနှင်ထားပါတယ်။ 4G Version က Tiger T618 မှာ Octa-core CPU ပါလာပြီး 2GHz Cortex-A75 ၂ လုံးနဲ့ 2GHz Cortex-A55 ၆ လုံး ထည့်သွင်းထားပါတယ်။ Snapdragon 765G Chipset မှာတော့ 2.4GHz နဲ့ 2.2GHz Cortex-A75 Core ၁ လုံးစီနဲ့ 1.8GHz Cortex-A55s ၆ လုံး ပါလာပါတယ်။

Ref : gsmarena