Xiaomi ကနေ Redmi Note 9 Series ဖုန်းအသစ်တွေကို တရုတ်နိုင်ငံအတွက် မိတ်ဆက်လိုက်ပြီဖြစ်သလို ပထမဆုံး Redmi Smartwatch တစ်ခုဖြစ်တဲ့ Redmi Watch ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း ZTE ကနေ စျေးသက်သာတဲ့ Smartwatch ဖြစ်တဲ့ ZTE Watch Live ကို မိတ်ဆက်လိုက်ပါပြီ။

ZTE Watch Live ဟာ Display အနေနဲ့ 1.3″ TFT Display ကိုအသုံးပြုထားပြီးတော့ 240×240 Pixels Resolution ရှိမှာဖြစ်ပါတယ်။ Watch Face မျိုးစုံကိုပြောင်းလဲနိုင်မှာဖြစ်တဲ့အပြင် Battery ကလည်း အသုံးပြုပုံပေါ်မူတည်ပြီးတော့ ၁၄ ရက်ကနေ ၂၁ ရက်အထိ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

ပြန်ပြီးအားသွင်းတဲ့အချိန်မှာတော့ Magnetic Wired Charging ကနပဲ အားသွင်းရမှာဖြစ်ပါတယ်။ IP68 Water Resistant ကိုလည်း Support ပြုလုပ်နိုင်ဦးမှာဖြစ်ပါတယ်။ Feature တွေအနေနဲ့ကတော့ 24-hour Heart Rate Monitoring ၊ Blood Oxygen နဲ့ Sleep Tracking Feature တွေပါဝင်မှာဖြစ်ပြီး Walking ၊ Running ၊ Skipping ၊ Swimming ၊ Cycling အပါအဝင် အားကစား ၁၂ မျိုးကိုလည်း အလိုအလျောက်သိရှိနိုင်မယ်လို့ သိရပါတယ်။

ZTE Watch Live Smartwatch ဟာ Bluetooth 4.2 ကိုပဲ Support ပြုလုပ်ထားပြီး Incoming Call ၊ Reminders ၊ Message Notification တွေကိုပြသပေးနိုင်မှာပါ။ တခြားသော Function တွေဖြစ်တဲ့ Weather Forecast ၊ Remote Camera ၊ Music Control ၊ Find My Phone လိုမျိုး Feature တွေလည်းပါဝင်မယ်လို့ သိရပါတယ်။

ZTE ကတော့ အခု Watch Live ကို စျေးနှုန်းအနေနဲ့ 229 Yuan (မြန်မာငွေ ၄ သောင်းခွဲဝန်းကျင်) နဲ့ ဒီဇင်ဘာလ ၃ ရက်နေ့က စတင်ပြီး တရုတ်နိုင်ငံမှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – Gizmo China