[Unicode]

Google Pixelbook Go ရဲ့ စွမ်းရည်အမြင့်ဆုံး မော်ဒယ်ကို ရောင်းပေးလိုက်ပါပြီ။ Resolution အမြင့်ဆုံး ဖြစ်တဲ့ 4K မော်ဒယ် Chromebook ဖြစ်ပြီး Intel i7 Processor , 16GB RAM နဲ့ 256GB Storage တွေ ထည့်သွင်းထားပါတယ်။ ၁,၄၀၀ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၂၁ သိန်းလောက်ရှိပါတယ်။ m3 Processor နဲ့ 1080p မျက်နှာပြင် ပါတဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ထက် ဈေးက ၂ ဆကျော် ပိုများနေပါတယ်။

Google ရဲ့ နောက်ဆုံးထုတ် Pixelbook Go ကို အောက်တိုဘာလက Google Event မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဒေါ်လာ ၆၅၀ ( မြန်မာငွေ ၁၀ သိန်းဝန်းကျင်)တန် မော်ဒယ်ကိုပဲ ကြိုတင်မှာယူခွင့်ပြုခဲ့ပြီး 4K မော်ဒယ်ကိုတော့ မရောင်းပေးခဲ့ပါဘူး။

4K မော်ဒယ်ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ အဲဒီ မော်ဒယ်မှာ 4K Ultra HD (3840×2160) “Molecular Display” နဲ့ Intel i7 Processor ထည့်သွင်းထားပါတယ်။ 16GB RAM နဲ့ 256GB Storage တွေ ပါပါတယ်။ ဘက်ထရီက 56W ဖြစ်ပြီး Chrome OS မောင်းနှင်ထားပါတယ်။ Dual-band 2x2MIMO 802.11 a/b/g/n/ac နဲ့ Bluetooth 4.2 စတဲ့ ဆက်သွယ်မှုတွေ ထောက်ပံ့ပါတယ်။ သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး Titan C Security Chip ပါပါတယ်။

Headphone Jack နဲ့ USB-C Port ၂ ခု ပါပါတယ်။ အဲဒီ မော်ဒယ်ကို Google Store , Amazon နဲ့ Best Buy တို့ကနေ ဝယ်ယူနိုင်ပါပြီ။ B&H Photo မှာတော့ ကြိုတင်မှာယူခွင့်ပဲ ပြုထားပါတယ်။

Ref : androidpolice

[Zawgyi]

Pixelbook Go ရဲ႕ 4K ေမာ္ဒယ္ကို ေရာင္းၿပီ

Google Pixelbook Go ရဲ႕ စြမ္းရည္အျမင့္ဆံုး ေမာ္ဒယ္ကို ေရာင္းေပးလိုက္ပါၿပီ။ Resolution အျမင့္ဆံုး ျဖစ္တဲ့ 4K ေမာ္ဒယ္ Chromebook ျဖစ္ၿပီး Intel i7 Processor , 16GB RAM နဲ႔ 256GB Storage ေတြ ထည့္သြင္းထားပါတယ္။ ၁,၄၀၀ ေဒၚလာ သတ္မွတ္ထားၿပီး ျမန္မာေငြ ၂၁ သိန္းေလာက္ရွိပါတယ္။ m3 Processor နဲ႔ 1080p မ်က္ႏွာျပင္ ပါတဲ့ တန္ဖိုးအနည္းဆံုး ေမာ္ဒယ္ထက္ ေစ်းက ၂ ဆေက်ာ္ ပိုမ်ားေနပါတယ္။

Google ရဲ႕ ေနာက္ဆံုးထုတ္ Pixelbook Go ကို ေအာက္တိုဘာလက Google Event မွာ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ အဲဒီအခ်ိန္တုန္းက ေဒၚလာ ၆၅၀ ( ျမန္မာေငြ ၁၀ သိန္း၀န္းက်င္)တန္ ေမာ္ဒယ္ကိုပဲ ႀကိဳတင္မွာယူခြင့္ျပဳခဲ့ၿပီး 4K ေမာ္ဒယ္ကိုေတာ့ မေရာင္းေပးခဲ့ပါဘူး။

4K ေမာ္ဒယ္ရဲ႕ Specs ေတြကို ျပန္လည္ ေဖာ္ျပလိုက္ပါတယ္။ အဲဒီ ေမာ္ဒယ္မွာ 4K Ultra HD (3840×2160) “Molecular Display” နဲ႔ Intel i7 Processor ထည့္သြင္းထားပါတယ္။ 16GB RAM နဲ႔ 256GB Storage ေတြ ပါပါတယ္။ ဘက္ထရီက 56W ျဖစ္ၿပီး Chrome OS ေမာင္းႏွင္ထားပါတယ္။ Dual-band 2x2MIMO 802.11 a/b/g/n/ac နဲ႔ Bluetooth 4.2 စတဲ့ ဆက္သြယ္မႈေတြ ေထာက္ပံ့ပါတယ္။ သတၱဳကိုယ္ထည္နဲ႔ တည္ေဆာက္ထားၿပီး Titan C Security Chip ပါပါတယ္။

Headphone Jack နဲ႔ USB-C Port ၂ ခု ပါပါတယ္။ အဲဒီ ေမာ္ဒယ္ကို Google Store , Amazon နဲ႔ Best Buy တို႔ကေန ၀ယ္ယူႏုိင္ပါၿပီ။ B&H Photo မွာေတာ့ ႀကိဳတင္မွာယူခြင့္ပဲ ျပဳထားပါတယ္။

Ref : androidpolice