Xiaomi ကနေ ယခုနှစ်အစောပိုင်းတုန်းက POCO Brand ကို Redmi လိုမျိုးပဲ သီးသန့် Sub-brand တစ်ခုအနေနဲ့ ခွဲထုတ်ခဲ့တာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ POCO ကနေ POCO X2 ဖုန်းကိုပဲ တရားဝင်မိတ်ဆက်ထားပေမယ့် နောက်ထပ် Product အသစ်တွေကို မိတ်ဆက်လာဖို့ရှိနေပါသေးတယ်။

ဒါကတော့ POCO India ရဲ့ General Manger ဖြစ်တဲ့ C. Manmohan ကနေ Twitter Account ကနေတစ်ဆင့် POCO အနေနဲ့ စမတ်ဖုန်းအပြင် တခြားသော Product တွေကို ထုတ်ရောင်းမယ်ဆိုရင် ဘာကို ထုတ်သင့်သလဲဆိုပြီး Post တစ်ခုတင်ထားခဲ့တာကြောင့်ဖြစ်ပါတယ်။ အဆိုပါ Product တွေထဲမှာ TWS Earbuds ၊ Headphone ၊ Fitness Band/Watch နဲ့ Game Pad တွေပါဝင်ခဲ့ပါတယ်။

အဆိုပါ Voting Post မှာ TWS (Earbuds) တွေက ၃၈ ရာခိုင်နှုန်းနဲ့ အနိုင်ရသွားသလို အခုလိုမျိုး Post တွေ့ရှိရတာကလည်း POCO အနေနဲ့ TWS Earbuds လိုမျိုး Product တွေကို ထုတ်သွားဖို့အစီအစဥ်ရှိနေတယ်လို့ ယူဆရပါတယ်။

POCO ကနေ Mid Range POCO X2 ကို မိတ်ဆက်ထားပြီးဖြစ်ပေမယ့် Flagship ဖုန်းဖြစ်လာမယ့် POCO F2 ဖုန်းကိုပါ မိတ်ဆက်ဖို့စီစဥ်နေတယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း အဆိုပါ POCO F2 နဲ့ ပတ်သတ်တဲ့သတင်းတွေကတော့ လက်ရှိအချိန်အထိ ပေါက်ကြားလာခြင်းမရှိသေးပါဘူး။

Ref – XDA-Developers