Samsung ကနေ ယခုနှစ်အတွင်းမှာ 5G ကို Support ပြုလုပ်တဲ့ Mid Range ဖုန်းတွေဖြစ်တဲ့ Galaxy A51 5G နဲ့ A71 5G ဖုန်းတွေကို မိတ်ဆက်သွားဖို့ရှိနေပါတယ်။ အခုလည်း Samsung Galaxy A71 5G ရဲ့ Render ဓါတ်ပုံအပြင် စျေးနှုန်းတွေပါ ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။

Render ပုံအရတော့ Samsung Galaxy A71 5G စမတ်ဖုန်းဟာ ပုံမှန် Galaxy A71 နဲ့ သိသိသာသာကွာခြားသွားမှာမဟုတ်ဘဲ Display နဲ့ Camera ပိုင်းတွေမှာလည်း တူညီနေမှာပါ။

Specification တွေအနေနဲ့ကတော့ Samsung Exynos 980 Processor ပါဝင်မှာဖြစ်ပြီး RAM 8GB နဲ့ 128GB Storage ပါဝင်မှာဖြစ်ပါတယ်။ Battery ပိုင်းအနေနဲ့ ပုံမှန် Galaxy A71 လိုမျိုး 4500mAh Battery အစား 4370mAh Battery ပဲ ပါဝင်မှာပါ။

စျေးနှုန်းတွေအနေနဲ့ကတော့ Samsung ကနေ တရုတ်နိုင်ငံမှာ ယွမ်ငွေ ၃,၅၀၀ ဝန်းကျင် (မြန်မာငွေ ၇ သိန်း ၂ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။ ဒါပေမယ့် တခြားသောနိုင်ငံတွေမှာတော့ စျေးနှုန်းအနည်းငယ်ကွာခြားနိုင်ပြီး စျေးပိုသက်သာတဲ့ RAM 6GB ၊ 128GB Storage Version ပါ ထွက်လာဖို့ရှိနေပါတယ်။

Ref – Phone Arena