iPhone အတုဆိုရင် တရုတ်ကလုပ်တယ်ဆိုတာ လူသိများကြမယ်ထင်ပါတယ်။ အခုတော့ တရုတ်နိုင်ငံရဲ့ Benchmarking outfit Master Lu ရဲ့ဖော်ပြချက်အရ Samsung, Apple နဲ့ Xiaomi စတဲ့ အမှတ်တံဆိပ်သုံးမျိုးက အတုအလုပ်ခံရဆုံးဖြစ်တယ်လို့ သိလိုက်ရပါတယ်။

ဒီအမှတ်တံဆိပ်သုံးမျိုးဟာ ၂၀၂၀ ပြည့်နှစ်ရဲ့ ပထမသုံးလပတ်အတွင်းမှာ အများဆုံးအတုအလုပ်ခံရတယ်လို့ Master Lu က ဆိုပါတယ်။ Benchmark app မှာပေါ်ပေါက်လာတဲ့ အချက်အလက်ကို အခြေခံထားတာဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ရဲ့ နောက်ဆုံးသုံးလပတ်ရလဒ်ကနေ သိသိသာသာ ပြောင်းလဲသွားတာလည်းဖြစ်တယ်လို့ သိရပါတယ်။

အတုအလုပ်ခံရတဲ့ထိပ်ဆုံး ၉ မျိုးမှာ Samsung နဲ့ Apple တို့ကအများဆုံးဖြစ်ပြီး Xiaomi ကတော့ အနည်းငယ်လျော့နည်းတယ်လို့ သိရပါတယ်။ “about phone” menu ကတစ်ဆင့် ဖတ်ရှုလို့မရတဲ့ အသေးစိတ်အချက်အလက်တွေကို Benchmark app က ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်ရဲ့ ပထမသုံးလပတ်အတွင်းမှာ စစ်ဆေးမှုပေါင်း ၁,၂၉၅,၄၅၇ ခုကိုပြုလုပ်ခဲ့ပြီးဖုန်းအတုအရေအတွက်စုစုပေါင်း ၇,၉၃၁ ယူနစ်သို့ရောက်ရှိခဲ့တာကို တွေ့ရတာ ဖြစ်ပါတယ်။ ဒီထဲကမှ ထိပ်တန်းမော်ဒယ် ၅မျိုးကတော့ Samsung W2019, iPhone X, iPhone 8, iPhone XS Max နဲ့ Xiaomi Mi Max 3 တို့ ဖြစ်ပါတယ်။

Ref: Gizmochina