Apple ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက iPhone SE 2020 ကို ကြေညာခဲ့ပြီး အခုတော့ အမေရိကန်နဲ့ နိုင်ငံပေါင်း ၄၀ ကျော်မှာ ကြိုတင်မှာယူခွင့်ပြုလိုက်ပါပြီ။  ဒီလ ၂၄ ရက်နေ့မှာ ပို့ဆောင်ပေးမယ်လို့ ထင်ရပါတယ်။ အမေရိကန်မှာတော့ ပို့ဆောင်ပေးမယ့် အချိန်ဟာ နောက်ကျမှာ ဖြစ်ပါတယ်။ မေလကျမှ ပို့ဆောင်ပေးမယ်လို့ ဖော်ပြထားပြီး နောက်နာရီပိုင်းအတွင်း၊ နောက်ရက်တွေအတွင်းမှာ ပို့ဆောင်ရက်ဟာ ဒီထက် နောက်ကျသွားနိုင်ပါတယ်။

iPhone SE 2020 ဟာ အရမ်းကို လူကြိုက်များနေတဲ့ သဘော ဖြစ်ပြီး အထူးသဖြင့် အမေရိကန်မှာ ဝယ်လိုအား များနိုင်ပါတယ်။ Apple ဟာ အစောပိုင်းမှာ အလုံးရေ ဘယ်လောက် ရောင်းချမလဲ ဆိုတာ မသိရသေးပေမယ့် လုံလုံလောက်လောက် ရောင်းချနိုင်မှာ မဟုတ်ဘူးလို့ ထင်ရပါတယ်။ iPhone SE အသစ် လိုချင်ရင်တော့ မြန်မြန်လှုပ်ရှားမှ ရနိုင်မှာပါ။

အမေရိကန် ပြင်ပက နိုင်ငံတွေမှာ ဒီလ ၂၄ ရက်နေ့ ပို့ဆောင်ပေးမယ်လို့ Apple ရဲ့ အွန်လိုင်းစတိုးမှာ ဖော်ပြထားပါတယ်။ တခြား နိုင်ငံတွေမှာတော့ iPhone SE အသစ်ကို အရမ်း လူကြိုက်မများဘူးလို့ ထင်ရပါတယ်။

iPhone SE 2020 ဟာ iPhone 8 ကို အခြေပြု တည်ဆောက်ထားပြီး iPhone 11 မှာ ပါတဲ့ နောက်ဆုံးထုတ် A13 Chipset မောင်းနှင်ထားပါတယ်။ ကင်မရာ ဆော့ဖ်ဝဲ ပိုကောင်းလာပြီး အနက်၊ အဖြူနဲ့ အနီရောင်တွေ ထုတ်လုပ်ထားပါတယ်။

ref : gsmarena