Apple ကနေ ပုံမှန်အားဖြင့် iPhone အသစ်တွေကို နှစ်စဥ်စက်တင်ဘာလဝန်းကျင်မှာ မိတ်ဆက်နေကြဖြစ်ပါတယ်။ ဒီနှစ်မှာတော့ လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် စက်တင်ဘာလအစား အောက်တိုဘာလကုန်၊ နိုဝင်ဘာလလောက်အထိ ရွေ့ဆိုင်းနိုင်တယ်ဆိုပြီး သတင်းတွေထွက်ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် Apple ကနေ ယခုနှစ်ကုန်ပိုင်းမှာ iPhone 12 Series စမတ်ဖုန်းစုစုပေါင်း ၄ မျိုးအထိ မိတ်ဆက်လာမှာဖြစ်ပြီး ပုံမှန် iPhone 12 ၂ မျိုးအပြင် iPhone 12 Pro နဲ့ iPhone 12 Pro Max ဆိုပြီး နာမည်ပေးထားမှာဖြစ်ပါတယ်။ နောက်ဆုံး Front Page Tech ရဲ့ Leakster Jon Prosser ရဲ့ပြောကြားချက်အရ အဆိုပါ iPhone 12 Series ဖုန်းတွေရဲ့ စျေးနှုန်းအပြင် Specs အနည်းငယ်ကိုပါ သိရှိခဲ့ရပါတယ်။

အဆိုပါ သတင်းအရ iPhone 12 Series ဖုန်းတွေအကုန်လုံးမှာ 5G Support ပြုလုပ်မယ့်အပြင် OLED Display တွေကိုပဲ အကုန်လုံးအသုံးပြုပေးထားမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ A14 Bionic Chip နဲ့ ပိုမိုသေးငယ်တဲ့ Notch လည်းပါဝင်ဦးမှာပါ။

အရင်ဆုံး iPhone 12 ဖုန်း ၂ လုံးအနေနဲ့ Screen Size 5.4″ နဲ့ Screen Size 6.1″ ဆိုပြီး ၂ မျိုးထွက်ရှိလာမှာဖြစ်ပြီး ကိုယ်ထည်ဘေးဘောင်တွေကို Aluminium နဲ့ပြုလုပ်ထားမှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့ Dual Camera Setup ပဲပါဝင်မှာပါ။ ဒါပေမယ့် စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က စျေးနှုန်းဖြစ်ပြီး 5.4″ iPhone 12 ကို $649 နဲ့ 6.1″ iPhone 12 ကို $749 ပဲကျသင့်မှာဖြစ်ပါတယ်။ ဒါက လက်ရှိ iPhone 11 ထက်တောင် $50 ပိုပြီး သက်သာနေတာဖြစ်ပါတယ်။

iPhone 12 Pro အနေနဲ့ကတော့ Screen Size အနေနဲ့ 6.1″ အထိရှိလာမှာဖြစ်ပြီး Stainless Steel Body အပြင် Triple Camera Setup + LiDAR Sensor နည်းပညာကိုပါ ထည်သွင်းလာမှာဖြစ်ပါတယ်။ iPhone 12 Pro Max ကတော့ Screen Size 6.7″ အထိရှိလာပြီးတော့ ကျန်တဲ့အချက်တွေအနေနဲ့ iPhone 12 Pro နဲ့အတူတူပဲဖြစ်ပါတယ်။

iPhone 12 Pro နဲ့ 12 Pro Max စျေးနှုန်းတွေကလည်း လက်ရှိ iPhone 11 Pro နဲ့ iPhone 11 Pro Max ဖုန်းတွေနဲ့ အတူတူဖြစ်တဲ့ $999 နဲ့ $1,099 ကနေ စတင်မယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီနှစ် iPhone 12 Series ဖုန်းတွေကို 5G ပါဝင်လာတဲ့အပြင် Design ပိုင်းပါ ပြောင်းလဲမှာဖြစ်တဲ့အတွက် စျေးကြီးမယ်လို့ ယူဆထားကြတာက လုံးဝမှားယွင်းပြီးတော့ လက်ရှိ iPhone 11 ထက်တောင် စျေးသက်သာနေမှာပါ။

Ref – GSM Arena