သုံးစွဲသူများသည် အပတ်စဉ် နှင့် လစဉ်ချီးမြင့်သော e-money ဆုငွေများကို ရယူနိုင်သလို အနိုင်ရရှိသော ဒင်္ဂါများကို အသုံးပြုကာ ဆုကြေးများ လဲလှယ်နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အကောင်းဆုံး အော်ပရေတာ Mytel သည် ကမ္ဘာတစ်ဝှမ်းဖြစ်ပွားလျက်ရှိသည့် COVID-19 ကပ်ရောဂါကြောင့် သုံးစွဲသူများ အိမ်တွင် ပျော်ရွှင်စွာ နေထိုင်နိုင်ရန်အတွက် MyID အပ်ပလီကေးရှင်း တွင် မီနီဂိမ်း အသစ် ၅ ခုကို မိတ်ဆက်ပေးခဲ့ပြီး ထိုဂိမ်းများမှ တစ်ဆင့် သုံးစွဲသူများအနေဖြင့် ဂိမ်းကွိုင်များ နှင့် ချန်ပီယံရှစ် ရမှတ်များကို ရယူကာ အပတ်စဉ် နှင့် လစဉ် e-money ဆုကြေးများကို ရယူနိုင်မည်ဖြစ်သည်။ ဂရုအစိုက်ဆုံးအော်ပရေတာတစ်ခု ဖြစ်သော Mytel သည် ယခုဖြစ်ပွားလျက်ရှိသော အခြေအနေနှင့်စပ်လျဉ်း၍ အစိုးရနှင့် ပြည်သူများ၏ စိုးရိမ်ပူပန်နေမှုများကို ကောင်းမွန်စွာနားလည်သည့်အတွက် တိုင်းပြည်၏ လိုအပ်သည့်နေရာများတွင် ကူညီပံ့ပိုးပေးရန် အသင့်ရှိပါသည်။ ယခုကဲ့သို့ ရောဂါမပျံနှံ့အောင် ကာကွယ်တားဆီးနေသောကာလအတွင်း၌ နိုင်ငံသား အားလုံးအတွက် အိမ်မှာနေစဉ် စိတ်အပန်းပြေစေရန် ဆက်သွယ်ရေးနှင့် အင်တာနက် ထောက်ပံ့မှုများကို Mytel မှ အကောင်းဆုံးဖြစ်အောင် ပံ့ပိုးသွားမည် ဖြစ်ပါသည်။

Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးမှ “အရင်တုန်းကလည်း ပျော်ရွှင်ဖွယ်ကောင်းတဲ့ သုံးစွဲသူတွေကို အပြန်အလှန် အကျိုးရှိစေတဲ့ Shake the Amazing, Shake Again နဲ့ Shake More တို့လို အောင်မြင်ခဲ့တဲ့ အစီအစဉ်မျိုးတွေကို ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေအတွက် မိတ်ဆက်ပေးခဲ့ပြီး အသုံးပြုသူတွေရဲ့ ကြိုက်နှစ်သက်မှုတွေကို ရရှိခဲ့တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဝမ်းမြောက်မိပါတယ်။ ဒါကြောင့်လည်း ဒီတစ်ခေါက်မှာတော့ ဂိမ်းတစ်ခုထဲမဟုတ်တော့ပဲ သုံးစွဲသူတွေ ကြိုက်နှစ်သက်စေမယ့် ပျော်ရွှင်ဖွယ်ကောင်းတဲ့ မီနီဂိမ်း ၅ ခု ကို မိတ်ဆက်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ နောက်ပြီး အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးအနိုင်ရသူတွေက ဆုကြေးတွေပါရရှိဦးမှာဆိုတော့ ပိုပြီး ပျော်ဖို့ကောင်းမှာပါ။ Mytel အသုံးပြုသူတွေသာမက တခြားအော်ပရေတာ အသုံးပြုသူတွေကပါ မီနီဂိမ်းတွေကို ဆော့ကစားလို့ရမယ့်အပြင် MyID ကိုပါသုံးလို့ ရနိုင်မှာဖြစ်တဲ့အတွက် အားလုံးအတွက် အဆင်ပြေစေမှာပါ။ ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေအနေနဲ့လည်း ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေနဲ့ အခုအသစ်မိတ်ဆက်လိုက်တဲ့ ဂိမ်းတွေဆော့ပြီး ကိုယ့်ရဲ့နေအိမ်မှာပဲ ဘေးကင်းလုံခြုံစွာနဲ့ နေထိုင်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။” ဟုပြောကြားခဲ့ပါသည်။

သုံးစွဲသူများသည် MyID အပ်ပလီကေးရှင်း ရှိ“ Game Feature Icon” ကိုနှိပ်ပြီး အထက်ဖော်ပြပါဂိမ်းများကို ဆော့ကစားနိုင်မည်ဖြစ်သည်။ MyID အပ်ပလီကေးရှင်းတွင် သုံးစွဲသူများ စိတ်ဝင်စားအပျင်းပြေစေမည့် ဂိမ်းများဖြစ်ကြသော ပျော်စရာတင်းနစ် ၊ ဝက်ဖိုက်တာ ၊ ဝက်ဘောလုံး ၊ သေနတ်ပစ်သမား နှင့် အအေးမိုင်းတွင်း အစရှိသည့် ဂိမ်း ၅မျိုးပါဝင်ပါသည်။ အသုံးပြုသူများသည် ဂိမ်းများအား အခမဲ့ကစားနိုင်သကဲ့သို့ ပြိုင်ဘက် အခြားကစားသမားများနှင့်လည်း လောင်းကြေးထပ်ကစားခြင်းဖြင့် အနိုင်ရရှိလျှင် ဂိမ်းဒင်္ဂါးများ၊ ချန်ပီယံရှစ်ရမှတ်များနှင့် အပတ်စဉ်နှင့်လစဉ်ဆုများ ရရှိနိုင်ရန် အခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်သည်။ ကစားသမားတစ်ဦးသည် ဂိမ်းအနိုင်ရရှိသည့်အခါ ချန်ပီယံအမှတ်များရရှိမည်ဖြစ်သည်။ ကစားသမားတိုင်း၏ အမှတ်စုစုပေါင်းအား ဂိမ်း၏ မူလစာမျက်နှာပေါ်ရှိ အမှတ်ပေးဇယားတွင် ဖော်ပြနေမည်ဖြစ်ပြီး မိမိရောက်ရှိနေသော အဆင့်အားလည်း ပြန်လည်ကြည့်ရှုနိုင်မည်ဖြစ်သည်။ ကစားသမားတစ်ဦးသည် ဂိမ်းပွဲတစ်ခုခုအား ရှုံးနိမ့်ခဲ့မည်ဆိုလျှင် မိမိရရှိထားသောချန်ပီယံအမှတ်များအား အကျိုးသက်ရောက်ခြင်းရှိမည် မဟုတ်ပါ။ အသုံးပြုများသည် ယခုအစီအစဉ် သစ်အား စတင်အသုံးပြုနိုင်ရန် MyID အပ်ပလီကေးရှင်း (bit.ly/MyIDApp) မှ သို့မဟုတ် သက်ဆိုင်ရာ အပ်ပလီကေးရှင်း ဈေးကွက်များမှ ဒေါင်းလုပ်ဆွဲ၍ အသုံးပြုနိုင်မည်ဖြစ်သည်။

Mytel မှ အပတ်စဉ်နှင့် လစဉ်အနိုင်ရရှိသူများအား ဆုများချီးမြှင့်ပေးသွားမည်ဖြစ်သည်။ အမှတ်ပေးဇယားမှ အမှတ်အများဆုံးရရှိသူ ၁၀ ယောက်အား အပတ်စဉ်အနိုင်ရရှိသူများအဖြစ် ရွေးချယ်သွားမည် ဖြစ်ပြီး ထိုသူများကို ဆုချီးမြှင့်ပြီးသောအခါတွင် အမှတ်ပေးဇယားသည် အသစ်တစ်ဖန်ပြန်လည် စတင်သွားမည်ဖြစ်သည်။ အပတ်စဉ်ဆုကြေးအဖြစ် ငွေကျပ် ၅သိန်းတိတိအား MytelPay e-Money မှတစ်ဆင့် ပေးအပ်သွားမည်ဖြစ်ပြီး လစဉ်အနိုင်ရရှိသူအား “Golden Pot ကံထူးရှင်” အဖြစ် ကျပန်းကျရွေးချယ်ကာ e-Money ဆုများပေးအပ်သွားမည်ဖြစ်သည်။ ထို့အပြင် Mytel သည် အပတ်စဉ်နှင့် လစဉ်အနိုင်ရရှိသူ ဆုရှင်များအား မိမိတို့ကံထူးသည့်ဆုများနှင့် MytelPay e-Money မှ ဆုများ ထုတ်ယူနိုင်မည့်နည်းလမ်းများကို အသိပေးအကြောင်းကြားသွားမည်ဖြစ်ပါသည်။

မကြာသေးမီကပင် မြန်မာနိုင်ငံ၏ Esports ကဏ္ဍအားမြှင့်တင်နိုင်ရန် Mytel သည် အသုံးပြုသူများအတွက် Mobile Legends နှင့် PUBG ဂိမ်းများကိုအကန့်အသတ်မရှိ ကစားနိုင်မည့် UNLIMTED DATA GAMING PACKAGES အစီအစဉ်နှစ်ခုအား စတင်ခဲ့သည်။ အသုံးပြုသူများသည် အပတ်စဉ်ဒေတာပတ်ကေ့ချ် (အကန့်သတ်မဲ့ဒေတာ + ၅၀၀ MB/ ၇ရက်စာအတွက် ၇၀၀ ကျပ် ) သို့မဟုတ် လစဉ်ဒေတာပတ်ကေ့ချ် (အကန့်သတ်မဲ့ဒေတာ/၃၀ ရက်စာအတွက် ၁၅၀၀ ကျပ် ) အား နှစ်သက်ရာ ရွေးချယ်ဝယ်ယူနိုင်သည်။ ထိုပတ်ကေ့ချ်များအား MyID အပ်ပလီကေးရှင်းမှတစ်ဆင့် သို့မဟုတ် *9661# ကိုဖုန်းခေါ်ခြင်းဖြင့်လည်း ရယူနိုင်မည်ဖြစ်သည်။

မြန်မာလူမျိုးတို့၏ အကျိုးနှင့် သက်သာချောင်ချိရေးအား ဂရုစိုက်သော ရှေ့ပြေးတီထွင်သူအော်ပရေတာ Mytel သည် အထူးသဖြင့် ယခုကဲ့သို့ ခက်ခဲကျပ်တည်းသောကာလများတွင် မိမိနိုင်ငံအား အကူအညီဖြစ်စေနိုင်မည့် ဝန်ဆောင်မှုများနှင့် ပိုမိုကောင်းမွန်သောအတွေ့အကြုံများ ပေးနိုင်ရန် ဆက်လက်တီထွင်သွားမည်ဖြစ်သည်။ ထို့အပြင် Mytel သည် ဆန်းသစ်သောတီထွင်မှုများ နှင့် ဝန်ဆောင်မှုများ၏ ဖွံ့ဖြိုးတိုးတက်ရေးအား အထူးအာရုံစိုက်လျက်ပြီး မြန်မာပြည်သူတို့အတွက် ကောင်းမွန်သောအနာဂတ်ကို ဖန်တီးပေးနိုင်ရန် ဆက်လက်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Source – Mytel