Motorola Moto G Stylus ကို အမေရိကန်မှာ ဖေဖော်ဝါရီလက ကြေညာခဲ့ပြီး အခုတော့ ဥရောပကို ရောက်လာပါပြီ။ ဒါပေမယ့် Moto G Pro ဆိုတဲ့ နာမည်အသစ်နဲ့ ကြေညာလိုက်တာဖြစ်ပြီး အဓိက Specs တွေက တူညီပါတယ်။

Moto G Pro မှာ ၆.၄ လက်မ IPS LCD 1080x2300p မျက်နှာပြင် တပ်ဆင်ထားပြီး ဒစ်ဂျစ်တယ် ဘောပင် ပါလာပါတယ်။ Snapdragon 665 Chipset မောင်းနှင်ထားပြီး 4GB RAM နဲ့ 128GB Storage ပါပါတယ်။ microSD Card စိုက်နိုင်ပါတယ်။

အနောက်ဘက်မှာ 48MP Main , 16MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံး ပါလာပြီး Punch Hole မှာ 16MP ကင်မရာ ထည့်ထားပါတယ်။ 4,000mAh ဘက်ထရီ ပါလာပါတယ်။ အမေရိကန် မော်ဒယ်ထက် အားသာသွားတာက ဥရောပ မော်ဒယ်မှာ Dual SIM Support ၊ NFC နဲ့ ပိုမြန်တဲ့ 15W Charging ထည့်ထားတာပါ။ Moto G Stylus မှာ 10W Charging ပဲပါပြီး ဥရောပ မော်ဒယ်ဟာ Android One Program ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

အဲဒီ စမတ်ဖုန်းကို Amazon Germany မှာ ၃၂၉ ယူရိုနဲ့ ရောင်းပေးထားပြီး မြန်မာငွေ ၅ သိန်းလောက်ကျသင့်ပါတယ်။ မကြာခင်မှာ တခြား ဥရောပနိုင်ငံတွေမှာ ရောင်းမှာပါ။

Ref : gsmarena