Samsung က Galaxy Note Series အသစ်ကို ဩဂုတ်လမှာ ကြေညာတော့မှာ ဖြစ်ပြီး အခုတော့ Galaxy Note20 မျက်နှာပြင်ဟာ Galaxy Note20+ လောက်ကောင်းမှာ မဟုတ်ဘူးလို့ သတင်းထွက်လာပါတယ်။ Note10 ထက်တောင် အားနည်းမှာ ဖြစ်တဲ့အတွက် သိပ်တော့ မမိုက်ပါဘူး။ နာမည်ကျော် Leakster ၁ ယောက် ဖြစ်တဲ့ Ice Universe က Note20 မှာ 60Hz FHD+ မျက်နှာပြင် အပြားပါလာမယ်လို့ သတင်းပေးလိုက်ပါတယ်။ တခြား Note20 Series မှာ 120Hz Refresh Rate ပါနိုင်တဲ့အတွက် Note20 မှာ ပိုညံ့တဲ့ မျက်နှာပြင် ထည့်သွင်းထားတာက Samsung ဟာ Customers တွေကို ဈေးပိုကြီးတဲ့ မော်ဒယ်ကို ကိုင်အောင် တွန်းအားပေးတဲ့ သဘော ဖြစ်နိုင်ပါတယ်။
I don't know what you think. For me, I can't accept any 60Hz mobile phone. It will cause me serious discomfort.
— Ice universe (@UniverseIce) June 17, 2020
Samsung ဟာ Galaxy Note10 Series တုန်းကလည်း ဒီလို လုပ်ခဲ့ပါတယ်။ Note10 မှာ ပိုသေးတဲ့ ဘက်ထရီ ၊ ပိုသေးတဲ့ FHD+ မျက်နှာပြင်၊ ပိုနည်းတဲ့ RAM တွေပဲ ထည့်ထားပြီး Note10+ ထက် ကင်မရာ ၁ လုံး ပိုနည်းပါတယ်။ Note10 မှာ မျက်နှာပြင်ကွေး ထည့်ထားပါတယ်။
I think its comprehensive specifications are even lower than Note10, at least Note10 is still curved screen and narrow bezel.
— Ice universe (@UniverseIce) June 17, 2020
Samsung က S20 Series တွေမှာ မျက်နှာပြင်ကွေး မသုံးထားသလို Note20 Series မှာလည်း အလားတူ လမ်းစဉ်ကို လိုက်နိုင်ပါတယ်။ Galaxy Note20 Series ကို ဩဂုတ်လမှာ ကျင်းပမယ့် Samsung Unpacked Event မှာ ကြေညာမှာ ဖြစ်ပြီး အဲဒီပွဲမှာ Galaxy Fold 2 , Z Flip 5G နဲ့ Galaxy Watch 3 တို့ကိုပါ ချပြနိုင်ပါတယ်။
Ref: gsmarena