Motorola ဟာ Razr 2019 ရဲ့ 5G Version ကို ဖန်တီးနေတဲ့ သတင်းတွေ ထွက်နေတာ ကြာပါပြီ။ အခုတော့ တရုတ်က 3C မှာ မော်ဒယ်နံပါတ် XT2071-4 ကို မှတ်ပုံတင်လိုက်ပြီး အဲဒါဟာ နောက်ထွက်မယ့် Razr 5G ဖြစ်မယ်လို့ ထင်ရပါတယ်။ ၂၀၁၉ ခုနှစ်ထုတ် Razr ရဲ့ မော်ဒယ်နံပါတ်ဟာ XT2000-1 ဖြစ်တဲ့အတွက် အခုမော်ဒယ်ဟာ 5G Version ဖြစ်နိုင်ပါတယ်။ 3C မှာ Razr 5G ရဲ့ သတင်းအချက်အလက် ၁ ခုကိုပဲ ဖော်ပြထားပြီး အဲဒါကတော့ 18W Charging ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Razr 5G ရဲ့ Specs တချို့ ထွက်ပေါ်လာပြီး ၆.၂ လက်မ မျက်နှာပြင် ပါလာမယ်လို့ သိရပါတယ်။ 48MP Main ကင်မရာနဲ့ 20MP Selfie ကင်မရာ ထည့်သွင်းထားနိုင်ပါတယ်။ အဲဒီ စမတ်ဖုန်းမှာ 256GB Storage နဲ့ microSD Card Slot ပါလာမယ်လို့ ထင်ရပါတယ်။

Razr 2019 မှာလို မဟုတ်ဘဲ nano-SIM Slot ကို Razr 5G Version မှာ ထည့်သွင်းထားနိုင်ပြီး နောက်ထပ် ပြောင်းလဲမှုက မော်ဒယ် အသစ်မှာ Mercury Silver အရောင်ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ 5G Version  ကြေညာမယ့် အချိန်ကို မသိရသေးပေမယ့် မကြာခင်မှာ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေ ပိုမို ထွက်ပေါ်လာနိုင်ပါတယ်။

Ref : gsmarena