Microsoft က Family Security App ကို ဖြန့်ချိလိုက်ပြီး ကလေးငယ်တွေ အွန်လိုင်း သုံးတာကို ထိန်းချုပ်နိုင်ပါတယ်။ မိဘတွေဟာ ကလေးငယ်တွေ အပတ်စဉ် အသုံးပြုတဲ့ အရာတွေကို သိရှိမှာ ဖြစ်ပြီး ကလေး Device သုံးချိန်ကို သတ်မှတ်နိုင်သလို မကြည့်သင့်တဲ့ ဝက်ဘ်ဆိုက်တွေကို ပိတ်ထားနိုင်ပါတယ်။ ဒါ့အပြင် ကလေးရဲ့ တည်နေရာကို အချိန်နဲ့ တစ်ပြေးညီ ကြည့်ရှုနိုင်ပါတယ်။

ကလေးငယ်တွေ သုံးတဲ့ App တွေနဲ့ အသုံးပြုချိန်တွေကို မိဘတွေက လေ့လာနိုင်ပြီး App သုံးချိန်ကို ကန့်သတ်ထားနိုင်ပါတယ်။ App ၁ ခုကို သုံးနိုင်မယ့် အချိန်နဲ့ နေ့ရက်တွေကို ထိန်းချုပ်ထားနိုင်ပြီး ကလေးတွေကလည်း App သုံးချိန် တိုးမြှင့်ပေးဖို့ တောင်းဆိုနိုင်ပါတယ်။

ကလေးငယ်တွေ အင်တာနက် ဝက်ဘ်ဆိုက်တွေ ကြည့်ရင် မလိုလားအပ်တဲ့ Adult ဝက်ဘ်ဆိုက်တွေလည်း ပေါ်လာနိုင်ပါတယ်။ Family Security App က အဲဒီ ညစ်ညမ်း ဝက်ဘ်ဆိုက်တွေကို ပိတ်ပင်နိုင်အောင် မိဘတွေကို ကူညီပေးနိုင်သလို ကလေးတွေအတွက် သင့်တော်တဲ့ ဝက်ဘ်ဆိုက်တွေကိုပဲ ပြသပေးနိုင်ပါတယ်။ လက်ရှိမှာ ဒီလုပ်ဆောင်ချက်ကို Windows , Xbox နဲ့ Android က Microsoft Edge Browser မှာပဲ သုံးနိုင်သေးပြီး မကြာခင်မှာ iOS မှာ ရမှာပါ။

ကလေးတွေ Microsoft Store ကနေ ပစ္စည်း ဝယ်တော့မယ်ဆိုရင် မိဘတွေက ခွင့်ပြုပေးမှရမှာပါ။ Family Security App ကို Play Store (Android ) နဲ့ App Store (iOS) တို့ကနေ ရယူနိုင်ပါတယ်။

Ref : fonearena