Motorola ရဲ့ ဖုန်းအသစ် Moto E7 Plus ကို ပြီးခဲ့တဲ့အပတ်က Geekbench ပေါ်မှာ မြင်တွေ့ခဲ့ရပြီး Octa-core ချစ်ပ်ကို 4GB RAM နဲ့တွဲဖက်ထားကာ Android 10 OS အသုံးပြုထားပါတယ်။ ဒီတခေါက်မှာတော့ နောက်ထပ် Leak သတင်း တစ်ခုက Moto E7 Plus နဲ့ ပတ်သက်ပြီး ပိုတိကျတဲ့ အချက်အလက်တွေ ဖော်ပြလာခဲ့ပါပြီ။

ဒီသတင်းထဲမှာတော့ Moto E7 Plus ဟာ အခုနှစ်စက မိတ်ဆက်ထားတဲ့ Snapdragon 460 ချစ်ပ်ဆက်ကို အသုံးပြုထားကြောင်း ဖော်ပြလာပါတယ်။ Geekbench မှာ မြင်ခဲ့ရသလိုပဲ RAM မန်မိုရီက 4GB ဖြစ်ပြီး Storage ကတော့ 64GB နဲ့ တွေ့ရပေမယ့် အခြား Memory Combo တွေလည်း ရှိဦးမှာပါ။

ကင်မရာပိုင်းမှာ E7 Plus ရဲ့ နောက်ဘက်မှာ Night Vision ပါတဲ့ Dual-camera နှစ်လုံးတွဲကို မြင်ရမှာပါ။ အဓိက Sensor က 48MP Sensor ဖြစ်ပြီး ဒုတိယ ကင်မရာကိုတော့ မသိရသေးပါဘူး။ Moto E7 Plus မှာ 5,000 mAh ဘက္ထရီကြီး ပါဝင်ပေမယ့် အားသွင်းစနစ်ကိုလည်း မသိရသေးပါ။

ရှေ့က ထွက်ပေါ်ခဲ့တဲ့ Moto E7 Plus ပုံတွေအရတော့ ဒီဖုန်းဟာ Waterdrop Notch ဒီဇိုင်းနဲ့ Display အသုံးပြုထားပြီး နောက်ဘက်မှာ Fingerprint Reader ပါဝင်ကာ USB-C Port ဖြစ်ပါတယ်။ Motorola ဆီကတော့ E7 Plus နဲ့ ပတ်သက်လို့ ဘာမှ မကြားရသေးပေမယ့် E6 Plus ကို မနှစ်က စက်တင်ဘာမှာ မိတ်ဆက်ခဲ့တာကြောင့် အခုနှစ်မှာလည်း အလားတူပဲ E7 Plus ကို စက်တင်ဘာမှာ မြင်ရဖို့ မျှော်လင့်ထားပါတယ်။

Ref – GSMArena