Qualcomm ဟာ Mid-range စမတ်ဖုန်းတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Snapdragon 732G chipset ကို ကြေညာခဲ့ပြီး ဒီ Chipset ဟာ Poco X3 မှာ တပ်ဆင်အသုံးပြုဖို့လည်း သတ်မှတ်ထားပြီး ဖြစ်ပါတယ်။ ဒီအကြောင်းကို Poco ဘက်ကလည်း အတိအလင်း အတည်မပြုပေးပေမယ့် သွယ်ဝိုက်တဲ့နည်းနဲ့တော့ ပြောဆိုခဲ့ပါတယ်။

Poco က Sam Jiang ရဲ့ ကြေညာချက်ပါ စာသားအချို့က Poco X3 မှာ Snapdragon 732G ကို ပထမဆုံး အသုံးပြုမယ်လို့ ဖော်ပြနေတာလည်း ဖြစ်ပါတယ်။ Poco အနေနဲ့ Qualcomm Technologies နဲ့ ပူးပေါင်းပြီး ဈေးကွက်မှာ ပထမဆုံးဖြစ်လာမယ့် Snapdragon 732G platform သုံး စမတ်ဖုန်းကို ထုတ်လုပ်မယ့်လုပ်ငန်းစဉ်အပေါ် အလွန်စိတ်လှုပ်ရှားမိတယ်လို့ Jiang က ပြောထားတာ ဖြစ်ပါတယ်။

ဒီ Chipset ကြောင့် ဟန်းဆက်ဟာ Mid-range ကဏ္ဍမှာ Benchmark သစ်ကို ဖြစ်ပေါ်စေမယ်လို့ ယုံကြည်ကြောင်း၊ ဖုန်းရဲ့ ဈေးနှုန်းနဲ့ စွမ်းဆောင်ရည်အကြား ဆက်နွယ်မှုကို လုံးဝ ပြန်လည်သတ်မှတ်ပေးမယ်လို့ ယုံကြည်ကြောင်းလည်း Jiang က ထည့်သွင်း ပြောဆိုခဲ့ပါသေးတယ်။

လက်ရှိအချိန်မှာ Poco ဟာ X3 အတွက် Teaser တွေ ထုတ်လျွတ်နေပြီး ဒီကမ်ပိန်းကြောင့် X3 ဟာ Chipset သစ်ကို အသုံးပြုထားတယ်ဆိုတဲ့ ကောက်ချက်ကို ပိုပြီးခိုင်မာလာစေတာလည်း ဖြစ်ပါတယ်။ Snpadragon 732G ဟာ 730G ထက် GPU ပိုင်းမှာ ၁၅% တိုးတက်ကောင်းမွန်မှာ ဖြစ်ပါတယ်။

Ref: GSM Arena