Google Pixel 4a ကို နောက်ထပ် နိုင်ငံပေါင်း ၈ နိုင်ငံမှာ Pre-Order တင်လို့ ရနေပါပြီ။ အဆိုပါ နိုင်ငံအသီးသီးရဲ့ တရားဝင် Google Store Website တွေကနေ ကျစ်ကျစ်လစ်လစ် ရှိတဲ့ဒီဇိုင်းနဲ့ စျေးချိုသက်သာတဲ့ Google Pixel 4a ကို မှာယူလို့ရပြီလို့ သိရပါတယ်။

ကြိုတင်မှာယူလို့ရနေပြီဖြစ်တဲ့ နိုင်ငံတွေ နဲ့ စျေးတွေကတော့ ဩစတေးလျနိုင်ငံ (ဩစတေးလျ ဒေါ်လာ ၅၉၉)၊ ပြင်သစ်နိုင်ငံ ( ယူရို ၃၄၉)၊ ဂျာမနီ (ယူရို ၃၄၀)၊ စင်ကာပူနိုင်ငံ (စင်ကာပူဒေါ်လာ ၄၉၉)၊ အိုင်ယာလန်နိုင်ငံ (ယူရို ၃၈၂)၊ စပိန်နိုင်ငံ (ယူရို ၃၈၉)၊ ထိုင်ဝမ်နိုင်ငံ (ထိုင်ဝမ်ဒေါ်လာ ၁၁,၉၉၀) နဲ့ အင်္ဂလန်နိုင်ငံ (စတာလင်ပေါင် ၃၄၉) တို့ပဲ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ နဲ့ ဂျပန်မှာတော့ စက်တင်ဘာ ၁၀ ရက်နေ့ကတည်းက ကြိုတင်အမှာ မှာယူလို့ရနေခဲ့တာပါ။ Google Pixel 4a က iPhone SE ကို အံတုဖို့ Google အတွက် အဖြေ လို့ ဆိုရမှာပါပဲ။ စျေးက ဒေါ်လာလေးရာအောက် ရှိပြီး ၅.၈ လက်မ ဆိုဒ်မျက်နှာပြင် နဲ့ ကျစ်ကျစ်လစ်လစ်ရှိတဲ့ ဖုန်းတစ်လုံးပါ။ Snapdragon 730 ချစ်ပ်ဆက် ကို အသုံးပြုထားပါတယ်။

Pixel 4a ကို RAM 6 GB ၊ Internal Storage 128GB နဲ့ ဝယ်ယူလို့ရမှာပါ။ ကင်မရာကတော့ Single ကင်မရာတွေ ဖြစ်ပြီးတော့ အဓိက ကင်မရာက 12.2 MP ဖြစ်ပြီး ဆဲလ်ဖီး ကင်မရာကတော့ 8MP ဖြစ်ပါတယ်။

Ref – GSMArena