စမတ်ဖုန်းတိုင်းမှာ မရှိမဖြစ်လိုအပ်တဲ့ Play Store ကို အသုံးပိုဝင်အောင်နဲ့ ဒီဇိုင်း ပိုလှအောင် Google က အမြဲတမ်း  ဖန်တီးနေပါတယ်။ ဒီလ အစောပိုင်းက Hamburgers Menu ကို ဖျောက်တဲ့ ဒီဇိုင်းကို စမ်းသပ်ခဲ့ပါတယ်။ အခုလည်း လာပြန်ပါပြီ။ ဒီ ၁ ခါတော့ App တွေကို ဘေးချင်းယှဉ်ကာ နှိုင်းယှဉ်ပေးတာ ဖြစ်ပါတယ်။ User တွေ သူတို့အတွက် အသုံးပိုဝင်တဲ့ ၁ ခုကို ရွေးနိုင်တဲ့အတွက် အရမ်းကို အသုံးဝင်ပါတယ်။

‘Compare App’ Section ကို အောက်ခြေမှာ ထည့်သွင်းပေးထားပြီး အလားတူ App တွေကို ပြသပေးထားပါတယ်။ နှိုင်းယှဉ်ချင်တဲ့ App ၁ ခုကို ရွေးချယ်နိုင်ပါတယ်။ လက်ရှိမှာ နာမည်ကြီး မီဒီယာ ပလေယာ တချို့အတွက်ပဲ ပြုလုပ်ပေးထားတာတွေ့ရပါတယ်။ အသုံးပြုရတာ လွယ်ကူမှုနဲ့ Offline Playback , Casting လိုလုပ်ဆောင်ချက်တွေ ထောက်ပံ့လားဆိုတာတွေကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

Google's improvements to Google Play: A preliminary review – The Platform Law Blog

Google ဟာ App Reviews တွေရေးတဲ့ လူတွေကို မေးခွန်းတွေ မေးလေ့ရှိပြီး ‘Compare App’ ဟာ အဲဒီ Feedback တွေကို အခြေခံထားတာ ဖြစ်နိုင်ပါတယ်။ Play Store မှာ App များစွာ ရှိတဲ့အတွက် အကောင်းဆုံးတွေကို ရွေးချယ်ရတာ ခက်ခဲပါတယ်။ အခု ‘Compare App’ လုပ်ဆောင်ချက်ကြောင့် ရွေးချယ်ရတာ ပိုကောင်းလာပါတယ်။

Google ဟာ လုပ်ဆောင်ချက် အသစ်တွေကို အမြဲ စမ်းသပ်လေ့ရှိတဲ့အတွက် အခု လုပ်ဆောင်ချက်ကို တကယ် ထည့်သွင်းပေးမလား ဆိုတာ မသေချာသေးပါဘူး။ ဖြန့်ချိမယ့် အချိန်ကိုလည်း မသိနိုင်သေးပါဘူး။ ဒီ လုပ်ဆောင်ချက်ဟာ Play Store Version 22.4.28 မှာ တွေ့ရတာ ဖြစ်ပေမယ့် Server-side ကနေ ထည့်သွင်းထားတာလည်း ဖြစ်နိုင်ပါတယ်။ စာရေးသူတော့ ‘Compare App’ လုပ်ဆောင်ချက်ကို ကြိုက်တဲ့အတွက် မြန်မြန် ထွက်လာပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Ref : androidpolice