Vivo ရဲ့ Gaming ဖုန်း Brand ဖြစ်တဲ့ iQOO က နှစ်သစ်ကို ဖုန်း အသစ်နဲ့ ကြိုဆိုတော့မှာပါ။ iQOO 7 ကို ဒီလ ၁၁ ရက်နေ့ ကြေညာမယ်လို့ ကုမ္ပဏီက အတည်ပြုထားပြီး AnTuTu မှာလည်း တွေ့ထားပါပြီ။ အခုတော့ Geekbench ကို ရောက်လာပြီ ဖြစ်ပြီး Version 5.1.0 နဲ့ စမ်းသပ်ထားတဲ့ ရလာဒ်ထွက်ပေါ်လာပါပြီ။

iQOO 7 putting its Snapdragon 888 chipset to the Geekbench test

ကုမ္ပဏီက iQOO 7 မှာ ပူပူနွေးနွေး ကြေညာထားတဲ့ Snapdragon 888 Chipset ထည့်သွင်းထားမယ်လို့ အတည်ပြုထားပြီးပါပြီ။ Qualcomm က SD888 ရဲ့ Benchmark Result တွေကို ကြေညာထားပြီးပြီ ဖြစ်ပေမယ့် 5.0.2 Version နဲ့ စမ်းသပ်ထားတာ ဖြစ်ပါတယ်။ Xiaomi ကလည်း Mi 11 ရဲ့ Benchmark Result ကို မျှဝေထားပြီးပြီ ဖြစ်ပေမယ့် စမ်းသပ်တဲ့ Version ကို မပြောပါဘူး။

Geekbench က စာရင်းအရ iQOO 7 မှာ 12GB LPDDR5 RAM နဲ့ UFS 3.1 Storage တွေ ထည့်သွင်းထားမယ်လို့ သိရပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ စွမ်းဆောင်ရည်ကို ပြသဖို့အတွက် KPL eSports League မှာ ပါဝင်မှာပါ။ အားသွင်းနှုန်း အရမ်းမြန်တဲ့ 120W Charger ပါလာမှာ ဖြစ်ပြီး ၅ မိနစ်အတွင်း ၀ ကနေ ၅၀ ရာခိုင်နှုန်းနဲ့ ၁၅ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ Standard USB Power Delivery က 65W အထိ ထောက်ပံ့ပေးမှာပါ။

iQOO 7 မှာ Vivo ရဲ့ OriginOS အသစ် မောင်းနှင်ထားမှာ ဖြစ်ပြီး 7 Pro အတွက် BMW-branded Version ထွက်လာမှာပါ။

ref : gsmarena