LG ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Performance ပိုင်းထက် Design ပိုင်းကို ဦးစားပေးထားတဲ့ LG Velvet စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ LG Velvet ဖုန်းဟာ Qualcomm Snapdragon 765G Chipset ကို အသုံးပြုထားပြီး 5G Network ကိုလည်း Support ပေးနိုင်တဲ့ High End ဖုန်းတစ်လုံးဖြစ်ပါတယ်။

အဆိုပါ LG Velvet စမတ်ဖုန်းဟာ အောင်မြင်မှုတွေရရှိခဲ့တယ်လို့တောင် သတ်မှတ်နိုင်ပြီး အခုအချိန်မှာလည်း LG ကနေ Android 11 Stable Update ကို ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။ အဆိုပါ Android 11 Stable Update ဟာ South Korea Region အတွက် အရင်ဆုံးရရှိတာဖြစ်ပြီး ဖုန်း Model Number LM-900N အတွက်ဖြစ်ပါတယ်။

Android 11 Stable Update ဖြစ်တဲ့အတွက် File Size အနေနဲ့ 2.2GB ဝန်းကျင် Download ပြုလုပ်ရမှာဖြစ်ပြီး Firmware Version အနေနဲ့ G900N2C ဆိုပြီး ထွက်ရှိခဲ့တာဖြစ်ပါတယ်။ LG ကတော့ ဘာတွေပြောင်းလဲသွားတယ်ဆိုတာကို အတိအကျပြောကြားခြင်းမရှိပေမယ့် Android 11 ရဲ့ Feature အသစ်တွေဖြစ်တဲ့ Smart Home Control ၊ Media Playback UI အသစ်၊ Chat Bubble နဲ့ Notification ပိုင်းပြောင်းလဲမှုတွေပါဝင်လာမယ်လို့ ယူဆရပါတယ်။

LG ဟာ လာမယ့် ၂၀၂၂ ခုနှစ်မှာ Mobile Division တစ်ခုလုံးကို ရောင်းချတော့မယ်ဆိုပြီး သတင်းတွေထွက်ရှိထားသလို အခုအချိန်အထိလည်း စျေးကွက်ထဲမှာ အရှုံးပေါ်နေတုန်းဖြစ်ပါတယ်။ ယခု LG Velvet ဖုန်းအတွက် Android 11 Update ရရှိလာတာကလည်း တခြားစမတ်ဖုန်းထုတ်လုပ်သူတွေနဲ့ယှဥ်ရင် နောက်ကျနေတယ်ဆိုပေမယ့် အသုံးပြုသူတွေအတွက်တော့ သတင်းကောင်းလို့ ပြောရမှာပါ။

Ref – GSM Arena