Dr.Web ရဲ့ လုံခြုံရေးဆိုင်ရာ အစီရင်ခံစာအရ Google ဟာ Android Apps ၉ ခုကို သူတို့ရဲ့ Google Play Store ကနေ ဖယ်ရှားလိုက်ပါတယ်။ အကြောင်းကတော့ ဒီ Apps တွေဟာ သုံးစွဲသူတွေရဲ့ လျှို့ဝှက်အချက်အလက်တွေကို ခိုးယူနေတာကြောင့်ပဲ ဖြစ်ပါတယ်။
ဒီ Android Apps တွေကို Download ပြုလုပ်မှုအကြိမ်ပေါင်း ၅.၈ သန်း ရှိနေပြီလို့လည်းသိရပါတယ်။ ဒီ Apps တွေဟာ အသုံးပြုသူတွေကို မှားယွင်းတဲ့ အတွေးတွေဖြစ်ပေါ်စေပြီး သူတို့ရဲ့ App တွေကိုအသုံးပြုစေခဲ့တာလည်း ဖြစ်ပါတယ်။ မြင်သာစေတဲ့ဥပမာတွေကတော့ လုံခြုံရေးအတွက် စစ်ဆေးပေးတာ၊ ဖုန်းရဲ့ Performing ပိုမြန်အောင်လုပ်ပေးတာ၊ အပိုဖြစ်နေတဲ့ ဖိုင်တွေဖျက်ပေးတာ၊ ဗေဒင်ဟောပေးတာ၊ ဓါတ်ပုံပြင်ပေးတာ မျိုးတွေဖြစ်ပါတယ်။
ဒီ Apps တွေဟာ In-app ads တွေပါဝင်ပြီး ဒါတွေကိုပိတ်ထားစေချင်ရင် Facebook account နဲ့ Lock in လုပ်ဖို့ ကမ်းလှမ်းလေ့ရှိပါတယ်။ ဒါဟာ ဟန်းဆက်ပိုင်ရှင်တွေရဲ့ Facebook passwords တွေကို ခိုးယူဖို့ အကောင်းဆုံးနည်းလမ်းလည်း ဖြစ်နေပါတယ်။ အကြောင်းက Apps တွေထဲမှာ Trojan malware တွေထည့်သွင်းထားလို့ပါပဲ။
ဒီ Apps တွေကို Google Play ကနေ ဖယ်ရှားခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ အသုံးပြုသူတိုင်းရဲ့ ဟန်းဆက်တိုင်းမှာတော့ လိုက်ပြီးဖယ်ရှားပေးနိုင်တာမဟုတ်ပါဘူး။ ဒါကြောင့် ဒီ Apps တွေကို Installed လုပ်နှင့်ပြီးသားဆိုရင်တော့ မြန်မြန်ဆန်ဆန်ပဲ Uninstall လုပ်လိုက်ဖို့ တိုက်တွန်းလိုပါတယ်။ Google Play ကနေ ဖယ်ရှားခံလိုက်ရတဲ့ Apps တွေကတော့
Processing Photo
App Lock Keep
Rubbish Cleaner
Horoscope Daily
Horoscope Pi
App Lock Manager
Lockit Master
Inwell Fitness
PiP Photo − စတဲ့ Apps တွေပဲ ဖြစ်ပါတယ်။
Ref: Phone Arena