နိုင်ငံတော်ေတာ်များများမှာ Covid-19 ကာကွယ်ဆေး ထိုးပြီးတဲ့ သက်သေခံ လက်မှတ်တွေပါမှသာ စားသောက်ဆိုင်၊ Gyms နဲ့ တခြား အများပြည်သူသွားလာတဲ့ နေရာတွေကို ဝင်ခွင့်ပြုပါတော့တယ်။ အဲဒီအတွက် ဆေးထိုးပြီးသူတွေဟာ သက်သေခံ လက်မှတ် သို့မဟုတ် ကတ်ပြားတွေကို ရယူထားသင့်ပါတယ်။ ပိုမိုလွယ်ကူ အဆင်ပြေစေတဲ့ နည်းလမ်းက ဒစ်ဂျစ်တယ် ပုံစံနဲ့ ဖုန်းမှာ သိမ်းဆည်းထားတာဖြစ်ပြီး အဲဒါကို Google က အရင်ဆုံး အကောင်အထည် ဖော်လိုက်ပါတယ်။ Google ဟာ မကြာခင်က Passes API ကို Update ပြုလုပ်ပေးလိုက်ပြီး အစိုးရ အေဂျင်စီတွေက ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံတဲ့ ကတ်တွေကို ဒစ်ဂျစ်တယ် ပုံစံနဲ့ ထုတ်ပေးလို့ရလာပါပြီ။ အဲဒီ နည်းလမ်းကို ဩစတြေးလျမှာ အရင်ဆုံး အသုံးပြုနိုင်ပြီ ဖြစ်ပြီး Google Pay မှာ ကာကွယ်ဆေးထိုးပြီးကြောင်း သက်သေခံ ကတ်တွေကို သိမ်းထားနိုင်ပါပြီ။
စမတ်ဖုန်းမှာ သိမ်းထားနိုင်တဲ့အတွက် လိုအပ်တဲ့ အချိန်တိုင်း လွယ်ကူ လျှင်မြန်စွာ အသုံးပြုနိုင်ပါတယ်။ ဒီလို ဖုန်းမှာ သိမ်းထားနိုင်ဖို့အတွက် MyGov Website ရဲ့ Express Plus Medicare App or Medicare Portal မှာ Log In ဝင်ပြီး “View your Covid-19 digital certificate” ကို ရွေးချယ်ကာ “Save to Phone” ကို နှိပ်ရမှာ ဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးပြီးကြောင်း သက်သေခံကတ်ပြားကို စမတ်ဖုန်းမှာ သိမ်းထားနိုင်ပြီး ဒေတာ ဆက်သွယ်မှု မလိုဘဲနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လုံခြုံရေးအတွက် အဲဒီ သက်သေခံ ကတ်ပြားကို Google ရဲ့ Servers တွေမှာ သိမ်းထားမှာ မဟုတ်ပါဘူး။ User က Password ၊ Pin နဲ့ Biometrics တွေကို အသုံးပြုကာ သက်သေခံ ကတ်ပြားကို ဖွင့်ရမှာ ဖြစ်ပါတယ်။ User တွေဟာ ကာကွယ်ဆေးထိုးပြီးကြောင်း သက်သေခံကတ်ပြားကို Google Pay မှာ သိမ်းထားဖို့အတွက် Google Pay အကောင့် ရှိစရာ မလိုပါဘူး။ ဒါ့အပြင် ကတ်ပြားကို မြန်မြန် ပြသနိုင်အောင် Home Screen မှာ Shortcut အနေနဲ့ထားရှိနိုင်ပါတယ်။
Ref : androidpolice