Google ဟာ Android OS အသစ်တစ်ခုဖြစ်တဲ့ Android 12 ကို မိတ်ဆက်ထားတာအခုဆိုရင် လအနည်းငယ်ကြာနေပြီဖြစ်ပါတယ်။ Pixel ဖုန်းတွေအတွက် Android 12 Public Beta ကို Google က တရားဝင်ထုတ်ပေးနေသလို တချို့သောစမတ်ဖုန်းတွေမှာလည်း Android 12 Beta Version ကို အသုံးပြုနေနိုင်ပြီလို့ သိရပါတယ်။

အခုအချိန်မှာတော့ Google ဟာ Pixel Series ဖုန်းတွေအတွက် Android 12 Beta Version 4 ကို တရားဝင်ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Android 12 Beta 4 ဟာ Feature အသစ်တွေထက် Platform Stability ကို ဦးစားပေးထားတယ်လို့ သိရပါတယ်။ Google ရဲ့ Android 12 Road Map အရဆိုရင် လာမယ့် လပိုင်းအတွင်းမှာ Beta 5 ကိုနောက်ဆုံးအနေနဲ့ ထုတ်ပေးသွားဖို့ပဲ ကျန်တော့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် လာမယ့် စက်တင်ဘာလကုန်ပိုင်း သို့မဟုတ် အောက်တိုဘာလအတွင်းမှာ Android 12 Stable Update ကို ထုတ်ပေးသွားမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ Android 12 Update ဟာ Pixel Series ဖုန်းတွေပဲဖြစ်ပြီးတော့ တခြားသော စမတ်ဖုန်းတွေအတွက်ကတော့ အချိန်ထပ်မံစောင့်ဆိုင်းရမှာဖြစ်ပါတယ်။

Google ဟာ လာမယ့် အောက်တိုဘာလဝန်းကျင်မှာ Pixel 6 Series ဖုန်းတွေကို မိတ်ဆက်ဖို့လည်းရှိနေသေးတာကြောင့် ဖြစ်နိုင်ခြေများနေတာကတော့ Android 12 နဲ့အတူ မိတ်ဆက်လာဖွယ်ရှိနေပါတယ်။ ဘာပဲဖြစ်ဖြစ် Android 12 ဟာ UI Design ပိုင်းမှာ Material You ကို ပြောင်းလဲအသုံးပြုလာတာကြောင့် ကြီးမားတဲ့ပြောင်းလဲမှုတွေအများအပြားရှိလာမှာဖြစ်ပါတယ်။

Ref – GSM Arena