XDA Developers က နောက်ထွက်မယ့် Android 12 ရဲ့ Incremental Update နဲ့ ပတ်သက်ပြီး သတင်းပေးလာပါတယ်။ Android 12.1 လို့ နာမည်ပေးထားမှာ ဖြစ်ပြီး လုပ်ဆောင်ချက် အသစ်တွေအကြောင်းကို မသိရသေးပေမယ့် Foldable ဖုန်း Experience ပိုကောင်းလာမှာ ဖြစ်ပါတယ်။ နေက်ထွက်မယ့် Fodable Pixel ဖုန်းအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ သဘော ဖြစ်နိုင်ပါတယ်။
XDA Developers က Android 12 Beta Build မှာ Docked Taskbar လုပ်ဆောင်ချက်ကို တွေ့ခဲ့ရပြီး Taskbar အလုပ်လုပ်ပုံကို ရှင်းပြထားတဲ့ Code တွေကို တွေ့ထားတယ်လို့ ပြောပါတယ်။
Default အနေနဲ့ Dock ဟာ Home Screen မှာ ပွင့်နေမှာ ဖြစ်ပြီး App ၁ ခုကို Full Screen အနေနဲ့ ဖွင့်လိုက်ရင် Hide လုပ်ပေးမှာ ဖြစ်ပါတယ်။ ဖုန်းကို Unfold လုပ်ထားချိန်မှာ Taskbar က App ၁ ခုကို Drag လုပ်ပြီး Screen ရဲ့ ၁ ဖက်ခြမ်းမှာ ဖွင့်နိုင်ပါတယ်။
အဲဒီ System ရဲ့ Code မှာ Screen ကို Folding နဲ့ Unfolding လုပ်တဲ့ အခါမှာ ပြသတဲ့ Animations တွေကိုပိုကောင်းအောင် ပြုလုပ်ထားပါတယ်။ Google Chrome Browser ကို ၂ ခြမ်းခွဲပြီး သုံးနေတဲ့ ဓါတ်ပုံကို တွေ့ရတဲ့အတွက် Android 12.1 မှာ Multitasking ပိုကောင်းလာမယ်လို့ထင်ရပါတယ်။
Ref : gsmarena