Asus က VivoWatch SP ရဲ့ မျိုးဆက်သစ် မော်ဒယ်ကို မကြာခင် ကြေညာတော့မယ်လို့ထင်ပါတယ်။ နောက်ထွက်မယ့် Asus ရဲ့ စမတ်နာရီအသစ်ကို Bluetooth SIG မှာတွေ့လာရပြီ ဖြစ်ပြီး Asus VivoWatch 5 လို့ နာမည်ပေးထားပါတယ်။

ASUS VivoWatch 5

Bluetooth SIG မှာ Asus VivoWatch 5 ရဲ့ LTE မော်ဒယ်ကို စာရင်းတင်ထားပေမယ့် WiFi မော်ဒယ်ကိုလည်း ထုတ်လုပ်ရောင်းချနိုင်ပါတယ်။ အဲဒီမှာ VivoWatch 5 LTE ရဲ့ မော်ဒယ်နံပါတ်ဟာ HC-B05L ဖြစ်ပါတယ်။ Bluetooth SIG မှာ Bluetooth Support ပါမယ်ဆိုတာပဲ ဖော်ပြထားပြီး တခြား သတင်းအချက်အလက်တွေကို မဖော်ပြထားသေးပါဘူး။ ဒါပေမယ့် မကြာခင်မှာ အဲဒီ စမတ်နာရီကို တခြား Certification တွေမှာ Specification တွေနဲ့အတူ ဖော်ပြလာနိုင်ပါတယ်။

ASUS VivoWatch SP (HC-A05)|Wearable & Healthcare|ASUS Global

ပေါက်ကြားသတင်းတွေအရ Asus VivoWatch 5 မှာ အရင်မျိုးဆက်မှာလိုပဲ မျက်နှာပြင် အဝိုင်း တပ်ဆင်ထားနိုင်ပါတယ်။ မျက်နှာပြင်ဟာ အရောင်တွေကို ထောက်ပံ့ထားနိုင်ပြီး GPS Support နဲ့ တခြား ကျန်းမာရေး အခြေပြု လုပ်ဆောင်ချက်တွေ ထည့်သွင်းထားနိုင်ပါတယ်။

Asus ဟာ Surface Pro လို Laptop အသစ် ၁ လုံးကို ကြေညာဖို့ရှိနေပြီး ဂိမ်းအသားပေး လုပ်ဆောင်ချက်တွေနဲ့ External GPU တွေ ပါလာနိုင်ပါတယ်။ အဲဒီ Laptop ရဲ့ ဓါတ်ပုံတွေ မကြာခင်က ပေါက်ကြားထွက်ပေါ်ခဲ့ပြီး ဒီဇိုင်း အရမ်း လှပါတယ်။ Asus ROG Flow Z13 လို့ နာမည်ပေးထားပြီး Convertible Notebook ဖြစ်ပါတယ်။ လက်ရှိမှာ အဲဒီ Laptop ရဲ့ Specs အပြည့်အစုံကို မသိရသေးဘဲ နောက်နှစ် CES ပွဲမှာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gizmochina