Samsung ဟာ MWC မှာ Galaxy Book လက်ပ်တော့အသစ်တွေကို မိတ်ဆက်မယ်လို့ပြောခဲ့ပေမဲ့ ဒီပွဲနဲ့ပတ်သက်လို့ ဘာမှထပ်မပြောတော့တာကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့ တရားဝင်မဟုတ်တဲ့သတင်းရင်းမြစ်တွေအရ Galaxy Book အသစ်တွေရဲ့ renders တွေ ထွက်ပေါ်လာပြီဖြစ်ပါတယ်။

Samsung က မိတ်ဆက်ပေးမဲ့ Galaxy Book အသစ်ဟာ Galaxy Book Pro 2 360 ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက ထွက်ရှိခဲ့တဲ့ Pro 360 ကို ဆက်ခံတာဖြစ်ပြီး Mars 2 ဆိုတဲ့ ကုဒ်နာမည်နဲ့ ဖြစ်ပါတယ်။ ပေါက်ကြားထွက်ပေါ်လာတဲ့ ရုပ်ပုံတွေအရ Pro 2 360 ဟာ သူ့ရှေ့ကမျိုးဆက် Pro 360 နဲ့ မျက်နှာပြင်ပိုင်းမှာတော့ ကြီးမားတဲ့ကွာခြားပြောင်းလဲပုံကို မတွေ့ရပါဘူး။

Samsung ဟာ Microsoft နဲ့ ပူးပေါင်းနေတာကြောင့် သူ့ရဲ့လက်ပ်တော့တွေဟာ Windows 11 နဲ့ One UI Book 4 ကို စကတည်းက သုံးနိုင်မယ်လို့ ကြွားထားတာပါ။ ပိုပြီးကောင်းမွန်ပေါ့ပါးတဲ့ Customized interface နဲ့ Cross-device multitasking ကိုယူဆောင်လာပြီလို့ ဆိုပါတယ်။ အတွင်းပိုင်းမှာတော့ Processor က မျိုးဆက်သစ်နဲ့ ဖြစ်လာမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ (မူရင်းကတော့ 11th gen Intel i3, i5, i7 processor တွေကို ကမ်းလှမ်းထားပါတယ်)

ဘယ်လိုပဲဖြစ်ဖြစ် အခုမြင်တွေ့ရတဲ့ Renders တွေအရ 15.6-inch model ကို အခြေခံထားပြီး သေးငယ်တဲ့ 13.3-inch ကိုလည်း ရွေးချယ်နိုင်ဦးမှာပါ။ မော်ဒယ်အကြီးက ဘေးဘက်မှာ USB-C အပေါက်သုံးပေါက်၊ 3.5mm headphone jack နဲ့ microSD ပေါက်တွေ ပါဝင်ပါတယ်။ နာမည်အတိုင်းပဲ 360° ခေါက်ထားနိုင်ပါတယ်။ ဒါကြောင့် တက်ဘလက်အဖြစ်လည်း အသုံးပြုနိုင်ပါလိမ့်မယ်။

အတည်ပြုလို့မရနိုင်သေးပေမဲ့ အတွင်းသတင်းအရ Galaxy Book Pro 2 360 ကို “burgundy red” အရောင်နဲ့ ထုတ်လုပ်မယ်လို့ သိရပါတယ်။ S-Pen ထောက်ပံ့မှု ရ၊ မရ မသိရသေးပါဘူး။

Ref: GSM Arena