HTC ဟာ ယခင်တုန်းကတော့ စမတ်ဖုန်းလောကမှာ နေရာတစ်ခုကို ရရှိခဲ့ပေမယ့် အခုအချိန်မှာတော့ တခြားသော Apple ၊ Samsung ၊ Xiaomi လိုမျိုး ကုမ္ပဏီတွေနဲ့ ယှဥ်ရင်တော့ တော်တော်လေးကို အားနည်းနေပြီဖြစ်ပါတယ်။ ဒါပေမယ့် အခုနောက်ဆုံးသိရတဲ့သတင်းတွေအရတော့ HTC ဟာ မကြာခင်အချိန်အတွင်းမှာ High End စမတ်ဖုန်းအသစ်ကို မိတ်ဆက်သွားတော့မှာပါ။

အဆိုပါသတင်းကတော့ HTC ရဲ့ Asia-Pacific Region အတွက်တာဝန်ရှိတဲ့ General Manager တစ်ဦးကနေ ပြောကြားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ပြောကြားချက်မှာတော့ အဆိုပါ HTC ဖုန်းမှာပါဝင်လာမယ့် Feature တွေနဲ့ Design ပိုင်းအသေးစိတ်ပါဝင်ခြင်းမရှိပေမယ့် High End စမတ်ဖုန်းတစ်လုံးရဲ့ Feature တွေအပြည့်အစုံပါဝင်လာမယ်လို့ သိရပါတယ်။

နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ Feature တစ်ခုကတော့ HTC ရဲ့ High End စမတ်ဖုန်းအသစ်ဟာ Metaverse ကို Support ပြုလုပ်သွားမယ့် Function တွေပါဝင်မှာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ နည်းပညာကုမ္ပဏီတွေအကုန်လုံးနီးပါး Metaverse ထဲကို ဝင်ရောက်လာတာကြောင့် HTC ကလည်း ဝင်ရောက်ဖို့ ကြိုးစားနေပုံရပါတယ်။

ဖြစ်နိုင်ခြေများတာကတော့ HTC ကနေ မိတ်ဆက်မယ့် High End စမတ်ဖုန်းအသစ်ဟာ AR နဲ့ VR ပိုင်းအတွက် Feature တွေကို ထည့်သွင်းလာဖွယ်ရှိနေပြီး တွဲဖက်အသုံးပြုနိုင်တဲ့ Accessories တွေကိုပါ မိတ်ဆက်လာဖွယ်ရှိနေပါတယ်။ ဒါပေမယ့်လည်း HTC ကနေ High End စမတ်ဖုန်းလို့ပဲ ပြောကြားခဲ့ပြီး Flagship ဖုန်းတစ်လုံးဖြစ်လာမယ်လို့ ပြောကြားခဲ့ခြင်းမရှိတာကြောင့် Flagship Specs ကို သုံးလာဖို့ကတော့ ဖြစ်နိုင်ခြေနည်းပါးနေပါတယ်။

Ref – Gizmo China