Facebook ရဲ့ မိခင် ကုမ္ပဏီ Meta ဟာ ရုရှား နိုင်ငံပိုင် မီဒီယာတွေ ဖြစ်တဲ့ RT နဲ့ Sputnik ကို ဥရောပမှာ ပိတ်ပင်လိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ ဥရောပမှာ RT နဲ့ Sputnik Page တွေကို Facebook နဲ့ Instagram တို့မှာ မမြင်ရတော့ဘူးလို့ Meta ရဲ့ ပြောရေးဆိုခွင့်ရှိသူ Andy Stone က The Verge ကို ပြောပါတယ်။
We have received requests from a number of Governments and the EU to take further steps in relation to Russian state controlled media. Given the exceptional nature of the current situation, we will be restricting access to RT and Sputnik across the EU at this time.
— Nick Clegg (@nickclegg) February 28, 2022
ကုမ္ပဏီရဲ့ နိုင်ငံတကာ ဆက်ဆံရေး ဥက္ကဌ အသစ် Nick Glegg က “ အစိုးရများစွာနဲ့ ဥရောပ နိုင်ငံတွေဆီကနေ ရုရှား နိုင်ငံပိုင် မီဒီယာတွေကို အရေးယူပေးဖို့ တောင်းဆိုမှုများစွာ ရရှိခဲ့ပါတယ်။ လက်ရှိ အခြေအနေတွေအရ RT နဲ့ Sputnik တို့ကို ဥရောပမှာ ပိတ်ပင်လိုက်ပါတယ်။ “ လို့ တွစ်တာမှာ ပြီးခဲ့တဲ့ တနင်္လာနေ့က ရေးသားထားပါတယ်။
အခု ပြောင်းလဲမှုဟာ ရုရှားက ယူကရိန်း အပေါ် ကျူးကျော်စစ် ဆင်နွှဲနေတာကို တုန့်ပြန်တဲ့ Meta ရဲ့ နောက်ဆုံး လုပ်ဆောင်ချက် ဖြစ်ပါတယ်။ အဲဒီမတိုင်ခင်က ကုမ္ပဏီဟာ ရုရှား နိုင်ငံပိုင် မီဒီယာ အဖွဲ့အစည်းတချို့ အပါအဝင် အကောင့်များစွာကို ယူကရိန်းမှာ ကန့်သတ်ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့တယ်လို့ Clegg က ပြောပါတယ်။ အခုတော့ ရုရှားရဲ့ နာမည်ကြီး မီဒီယာ ၂ ခု ဖြစ်တဲ့ RT နဲ့ Sputnik တို့ကို ဥရောပ တစ်လွှားမှာ ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
ကုမ္ပဏီဟာ ရုရှား မီဒီယာတွေ ပလက်ဖောင်းမှာ ကြော်ငြာလို့ မရအောင် ပိတ်ပင်ထားပြီး ကျူးကျော်စစ်နဲ့ ပတ်သက်တဲ့ သတင်းအမှားတွေကို ဖြန့်ဝေနေတဲ့ ရုရှား ကွန်ရက် ၁ ခုကို ဖယ်ရှားထားပါတယ်။ ရုရှားကလည်း သူ့နိုင်ငံမှာ Facebook ကို ကန့်သတ်မှုတွေ ပြုလုပ်နေသလို တွစ်တာ သုံးလို့ မရအောင် ပိတ်ပင်ထားပါတယ်။
Ref : theverge