vivo ဟာ ပြီးခဲ့တဲ့ရက်သတ္တပါတ်တုန်းက Y33s 5G ဖုန်းကို တရားဝင်မိတ်ဆက်ခဲ့ပြီး အခုလည်း နောက်ထပ် Y Series ဖုန်းသစ်တစ်လုံးကို ထပ်မံမိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အခုနောက်ဆုံးမိတ်ဆက်လိုက်တဲ့ vivo Y Series ဖုန်းကိုတော့ vivo Y01 လို့ နာမည်ပေးထားပါတယ်။

အခု vivo Y01 ဟာ လက်ရှိ Y Series ဖုန်းတွေထဲမှာ Budget အနေနဲ့ ထွက်ရှိလာတာဖြစ်ပါတယ်။ ဒါကြောင့် Display ပိုင်းမှာ 6.51″ HD+ LCD Display ကိုပဲ အသုံးပြုထားတာဖြစ်ပြီး Selfie Camera ကိုလည်း Waterdrop Notch Design ကိုပဲ​အသုံးပြုထားတာဖြစ်ပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ ပုံမှန်အားဖြင့် Region အများအပြားမှာ 13MP Single Back Camera ပဲ ပါဝင်မှာဖြစ်ပြီး တချို့သော Region တွေမှာတော့ 13MP အစား 8MP Sensor ကိုပဲ ထည့်သွင်းပေးထားမယ်လို့ သိရပါတယ်။​ Selfie Camera ပိုင်းအနေနဲ့ကတော့ 5MP Sensor ကိုပဲ အသုံးပြုထားမှာဖြစ်ပါတယ်။

Performance ပိုင်းမှာတော့ vivo Y01 ဟာ MediaTek Helio P35 Chipset ကို အသုံးပြုထားပြီး Funtouch OS 11.1 ကို အသုံးပြုထားတာဖြစ်ပါတယ်။ RAM အနေနဲ့ကတော့ 2GB သို့မဟုတ် 3GB ဆိုပြီး ရွေးချယ်နိုင်သလို 32GB Storage လည်းပါဝင်မှာဖြစ်ပါတယ်။ Storage ကို microSD Card ကနေတစ်ဆင့် 1TB အထိ ထပ်မံတိုးချဲ့နိုင်ဦးမှာပါ။

Camera လိုမျိုးပဲ vivo Y01 ဟာ Region အများစုမှာ Side-mounted Fingerprint Sensor နဲ့ထွက်ရှိလာမှာဖြစ်ပြီး တချို့သော Region တွေမှာတော့ ပါဝင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ Battery ပိုင်းအနေနဲ့ကတော့ 5000mAh Battery ပါဝင်ပြီး microUSB ကနေတစ်ဆင့် 10W Charging ကို Support ပေးမှာဖြစ်ပါတယ်။

အခု vivo Y01 ရဲ့ ထူးခြားချက်ကတော့ Software ပိုင်းပဲဖြစ်ပြီး FuntouchOS 11.1 ကို အသုံးပြုထားတယ်ဆိုပေမယ့် Android 11 (Go Edition) OS ကို အခြေခံထားတာဖြစ်ပါတယ်။ ဒါကြောင့် သာမန် Android OS ကို အသုံးပြုထားတဲ့ဖုန်းတွေထက် RAM စားသုံးမှုနည်းပါးသလို Application တွေရဲ့ အရွယ်အစားလည်း ပိုသေးငယ်မှာဖြစ်ပါတယ်။ စျေးနှုန်းနဲ့ ရရှိနိုင်မယ့်ရက်ကတော့ အတိအကျ မသိရသေးဘဲ Android Go ဖုန်း ဖြစ်တာကြောင့် စျေးနှုန်းချိူသာမယ်လို့ မျှော်လင့်ရပါတယ်။

Ref – GSM Arena