Google ရဲ့ Gmail Feature ဟာ လက်ရှိအချိန်မှာ အလုပ်လုပ်နေရတဲ့သူတွေအတွက် မဖြစ်မနေကို ရှိထားရမယ့် Service တစ်ခုလို့ပြောနိုင်ပါတယ်။ လက်ရှိအချိန်မှာလည်း Google ဟာ Gmail အတွက် Feature အသစ်တွေကို ဆက်တိုက်ထုတ်ပေးနေသလို တကယ်အသုံးပြုတဲ့အချိန်မှာ အသုံးဝင်မယ့် Feature တစ်ခုလည်း ပါဝင်လာပြီဖြစ်ပါတယ်။
ဒါကတော့ Gmail ကို ကွန်ပျူတာမှာ Desktop Client အနေနဲ့ အသုံးပြုနေတဲ့အချိန်မှာ ဖုန်းမှာ Notification ဝင်ရောက်မှုမရှိအောင် လုပ်ပေးနိုင်တဲ့ Feature တစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့် Desktop မှာ အသုံးပြုနေပြီဆိုတာနဲ့ ဖုန်းမှာ Notification တွေနဲ့ ပိုပြီး ရှုပ်အောင် လုပ်နေတော့မှာမဟုတ်ပါဘူး။
အဆိုပါ Feature ကို Google ကနေ လူတိုင်းအတွက် စတင်ထုတ်ပေးနေပြီဖြစ်ပြီး အခု Feature ကို အသုံးပြုနိုင်ဖို့အတွက် Google ကနေ Permission တောင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Permission ပေးလိုက်တာနဲ့ Desktop မှာ Gmail အသုံးပြုနေတဲ့အချိန်မှာ အလိုအလျောက်သိရှိပြီး ဖုန်းမှာ Notification တွေကို Pause ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။
အဆိုပါ Permission အတွက် Setting ကိုတော့ လက်ရှိအချိန်မှာ Gmail Setting ထဲမှာ ပြင်ဆင်နိုင်ဦးမှာမဟုတ်ဘဲ Google Chrome Settings ထဲမှာရှိတဲ့ Security and Privacy > Site Settings > Additional Permissions ကနေ Gmail ရဲ့ “Your Device Use” နေရာမှာ သွားရောက်ပြင်ဆင်ရမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် လောလောဆယ်မှာ ယခု Gmail Feature ကို အသုံးပြုနိုင်ဖို့အတွက် Google Chrome Browser ကိုပဲ အသုံးပြုဖို့လိုအပ်မှာပါ။
ဘာပဲဖြစ်ဖြစ် အခု Feature ဟာ အသုံးဝင်တယ်ဆိုပေမယ့် ဖုန်းမှာ Notification ဝင်ရောက်တော့မှာမဟုတ်တာကြောင့် Desktop မှာ Gmail ဖွင့်ထားပြီး ဝင်မကြည့်ဖြစ်ရင်တော့ အရေးကြီးတဲ့ Email တွေကို လွတ်သွားနိုင်ပါသေးတယ်။
Ref – 9to5Google