Vivo က X Note စမတ်ဖုန်းကို တရုတ်မှာ ကြေညာလိုက်ပြီး အရွယ်ကြီးမားတဲ့ ၇ လက်မ မျက်နှာပြင်နဲ့ ZEISS Lens တွေ ပါလာပါတယ်။ Vivo X Note ဟာ စွမ်းရည်မြင့် ဖုန်း ဖြစ်ပြီး မျက်နှာပြင် ဘေးဘက်တွေက ကွေးညွှတ်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ LTPO 3.0 E5 AMOLED မျက်နှာပြင် ဖြစ်ပြီး QHD+ Resolution ရှိပါတယ်။ 120Hz Refresh Rate ထောက်ပံ့ထားပြီး အမြင့်ဆုံး Brightness က 1500 nits ဖြစ်ပါတယ်။ 3D Ultrasonic In-screen Fingerprint Scanner ထည့်ထားပြီး ဘယ်ဘက်ခြမ်းမှာ Alert Slider တပ်ဆင်ထားပါတယ်။

Snapdragon 8 Gen 1 Chipset မောင်းနှင်ထားပြီး 8GB/12GB LPDDR5 RAM နဲ့ 256GB/512GB UFS 3.1 Storage တွေ ထုတ်လုပ်ထားပါတယ်။ Image Optimization အတွက် Vivo V1 Chip ပါလာပြီး Dual SIM Slot တပ်ဆင်ထားပါတယ်။ IP68 စံနှုန်း ပါတဲ့အတွက် ရေစိုခံပြီး ဖုန်မဝင်အောင်ကာကွယ်ပေးနိုင်သလို IR Blaster ထည့်ထားပါတယ်။

vivo x note

80W Wired နဲ့ 50W Wireless Fast Charging ပါတဲ့ 5,000mAh ဘက်ထရီ ပါလာပြီး ၃၂ မိနစ်အတွင်း အားအပြည့်ဖြည့်ပေးနိုင်တယ်လို့ Vivo က ပြောပါတယ်။ မောင်းနှင်ထားတဲ့ OS က Android 12 ဖြစ်ပါတယ်။

Vivo X Note

အနောက်ဘက်မှာ 50MP Samsung GN 1 (OIS) Main , 48MP Ultrawide , 12MP Portrait နဲ့ 8MP Periscope Telephoto (OIS) ကင်မရာ ၄ လုံးထည့်သွင်းထားပြီး Telephoto Sensor က 5x Optical Zoom နဲ့ 60x Digital Zoom ကို ထောက်ပံ့ထားပါတယ်။ အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါလာပါတယ်။

Vivo X Note

အနက်၊ အပြာနဲ့ အညိုရောင် ထုတ်လုပ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၁၇ သိန်းဝန်းကျင် ကျသင့်မှာပါ။ ဈေးနှုန်း အပြည့်အစုံကို အောက်မှာ လေ့လာနိုင်ပြီး တရုတ်မှာ ဒီလ ၁၅ ရက်နေ့ ရောင်းမှာပါ။

8GB + 256GB –  CNY 5,999(~$942)

12GB + 256GB – CNY 6,499(~$1,020)

12GB + 512GB – CNY 6,999(~$1,100)

Ref : gizmochina