Google ရဲ့ ထုံးစံအတိုင်းဆိုရင် Pixel 7 Pro ကို အောက်တိုဘာလမှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေ စတင် ပေါက်ကြားနေပြီး ဖေဖော်ဝါရီလတုန်းက ဓါတ်ပုံတွေ ထွက်လာခဲ့ပါသေးတယ်။ အခုလည်း Case ထဲမှာ တပ်ဆင်ထားတဲ့ အဲဒီ ဖုန်းရဲ့ လတ်လတ်ဆတ်ဆတ် ဓါတ်ပုံတွေ ပေါက်ကြားလာပါတယ်။
Case Maker များစွာကနေ အဲဒီ ဓါတ်ပုံတွေ ပေါက်ကြားလာတာ ဖြစ်ပြီး အရွယ်အစားနဲ့ တခြား အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို သိလာရပါတယ်။ ဒါ့အပြင် ခလုတ်တွေရဲ့ တည်နေရာနဲ့ ကင်မရာ Island တွေကို မြင်ရပါတယ်။
ဓါတ်ပုံတွေအရ ကင်မရာ Visor ကို အနောက်ဘက်မှာ တပ်ဆင်ထားပြီး Pixel 7 Pro ရဲ့ ဒီဇိုင်း ၁ ခုလုံးဟာ အရင်မျိုးဆက်နဲ့ တူညီနေပါတယ်။ မျက်နှာပြင်ကွေး တပ်ဆင်ထားပြီး အနောက်ဘက်မှာ ကင်မရာ ၃ လုံးနဲ့ LED Flash ၁ လုံး ထည့်သွင်းထားပါတယ်။
အခု ဓါတ်ပုံတွေမှာ အရှေ့ကင်မရာကို မပြသထားပေမယ့် အရင်က ပေါက်ကြားသတင်းတွေအရ မျက်နှာပြင် အထက် အလယ်မှာ Punch Hole ထည့်သွင်းထားမယ်လို့ သိရပါတယ်။ အဲဒီ ဒီဇိုင်းဟာ Pixel 6 Pro နဲ့ တူညီမှာ ဖြစ်ပါတယ်။ အရင်ပေါက်ကြားသတင်းတွေအရ Pixel 7 Pro မှာ ၆.၇ လက်မ QHD+ AMOLED မျက်နှာပြင်နဲ့ 120Hz Refresh Rate ထည့်သွင်းထားမယ်လို့ သိရပါတယ်။ မျက်နှာပြင်အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားမှာ ဖြစ်ပြီး ဒုတိယမျိုးဆက် Google Tensor Chipset မောင်းနှင်ထားနိုင်ပါတယ်။
Ref : gsmarena