GameStop က User တွေ Cryptocurrency နဲ့ NFT တွေကို ဘရောက်စာကနေ သိမ်းဆည်းနိုင်၊ ပေးပို့နိုင်၊ လက်ခံနိုင်တဲ့ ကိုယ်ပိုင် Ethereum Wallet ကို တည်ထောင်လိုက်ပါတယ်။ အဲဒီ Wallet ဟာ လက်ရှိမှာ Google Chrome နဲ့ Brave တို့ရဲ့ Extension အနေနဲ့ ထွက်ရှိထားပြီး GameStop ရဲ့ Wallet Website က အနာဂတ်မှာ iPhone App အနေနဲ့ ထွက်ရှိလာမယ်လို့ ပြောပါတယ်။

GameStop ရဲ့ Wallet မှာ User တွေဟာ သူတို့ ပိုင်ဆိုင်တဲ့ အရာတွေကို Private Key နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဟာ့ဒ်ဝဲ Wallet တွေနဲ့ Setup လုပ်နိုင်တဲ့အတွက် Hack ခံရနိုင်တာကို လျှော့ချပေးနိုင်ပါတယ်။ ဒါပေမယ့် User တွေဟာ သူတို့ရဲ့ Key ပျောက်ဆုံးသွားရင် သူတို့ ပိုင်ဆိုင်တဲ့ အရာတွေကို ဆုံးရှုံးမှာ ဖြစ်ပါတယ်။

GameStop က Wallet အသစ်ကို တည်ထောင်လိုက်တဲ့အပြင် NFT ဈေးကွက်ကို ဒီနှစ် ဒုတိယကွာတား ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်း ပြုလုပ်ပေးမယ်လို့ အတည်ပြုလိုက်ပါတယ်။ အဲဒီ NFT ဈေးကွက်ပေါ်လာရင် User တွေဟာ သူတို့ရဲ့ Wallet ကို ဈေးကွက်မှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

GameStop ဟာ ဖေဖော်ဝါရီလမှာ NFT ဈေးကွက်ကို အရင်ဆုံး ကြေညာခဲ့တာ ဖြစ်ပြီး Game Developer တွေ အသုံးပြုနိုင်မယ့် ဒေါ်လာ သန်း ၁၀၀ ရန်ပုံငွေကိုလည်း တည်ထောင်ခဲ့ပါတယ်။

Ref : theverge